International News

ဗီယက်နမ်နိုင်ငံရှိ လေဆိပ်များသည် ၈ လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၂၇.၄ သန်း ကျော်ကို ဝန်ဆောင်မှုပေးခဲ့

Last Updated:

ယခုနှစ် ၈ လအတွင်း ဗီယက်နမ်နိုင်ငံ၏ လေဆိပ်များမှတစ်ဆင့် လာရောက်သည့် နိုင်ငံတကာခရီးသွား အရေအတွက်သည် ၂၇.၄၇ သန်းကျော် ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၂.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ဗီယက်နမ်လေဆိပ်ကော်ပိုရေးရှင်း (ACV) ၏ အဆိုအရ သိရှိရပါသည်။

အဆိုပါ ကိန်းဂဏန်းများအရ လေယာဉ်စီးခရီးသည် စုစုပေါင်း ၇၅.၈ သန်းကျော်ရှိပြီး နှစ်စဉ်စီမံကိန်း၏ ၆၆.၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ၄.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ အတက်အဆင်းနှင့် ဆင်းသက်ပျံသန်းမှုကြိမ်ရေ စုစုပေါင်း ၄၆၀,၁၃၅ ရှိကြာင်း ဖော်ပြထားပါသည်။

၎င်းတို့အနက် အပြည်ပြည်ဆိုင်ရာ အတက်အဆင်းနှင့် ဆင်းသက်မှု စုစုပေါင်း ၁၇၀,၃၆၂ ရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

၈ လတာကာလအတွင်း လေဆိပ်များသည် စုစုပေါင်း ကုန်တင်ကုန်ချတန်ချိန် ၉၉၅,၃၀၀ ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၅.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်းဖော်ပြထားပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News