International News

ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ် ကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီ လက်လီရောင်းချမှု ဈေးနှုန်းများကို သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းမှစတင်ကာ ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့က လျှော့ချပေးခဲ့ကြောင်း VNA အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

E5RON92 ဆီဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၀,၃၃၂ (0.82 USD) ထက် မပိုစေရန် လျှော့ချခဲ့ပြီး RON95-III ဆီ စျေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၁,၁၀၉ ဖြင့် ရောင်းချလျက်ရှိရာ ဗီယက်နမ်ဒေါင် ၂၀၈ သို့ ကျဆင်းခဲ့သည်။

ဒီဇယ်ဆီ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၈၄၇၇ ဖြင့်ရောင်းချလျက်ရှိပြီး ဗီယက်နမ် ဒေါင် ၂၉၉ ကျဆင်းခဲ့သည်။ ရေနံဆီဈေးသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၈၄ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၉,၀၆၅ ဖြင့် ရောင်းချလျက်ရှိပါသည်။

Mazut ဆီ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၅,၅၆၂ ဖြင့် ရောင်းချနေပြီး တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၉၄ ကျဆင်းခဲ့ပါသည်။

ဝန်ကြီးဌာနနှစ်ခုသည် ယခုညှိနှိုင်းမှုတွင်လည်း စက်သုံးဆီစျေးနှုန်း တည်ငြိမ်ရေး ရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam News Agency  

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News