International News

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှု စံချိန်တင် မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှုသည် ဇူလိုင်လတွင် စံချိန်တင် အမြင့်ဆုံး အမေရိကန် ဒေါ်လာ သန်း ၂၈၀ ထိမြင့်တက်ခဲ့ပြီး  ယခင်နှစ်အလားတူကာကထက် ၈၂ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ အလယ်ပိုင်းကုန်းမြင့်အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ Hoang Son က ယခုနှစ် စက်တင်ဘာ လ ဆောင်းဦးရာသီပွဲတော်မတိုင်မီ တရုတ်နိုင်ငံမှ ဒူးရင်းသီးဝယ်လိုအား ကောင်းလာခြင်းကြောင့် သစ်သီးဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၇ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁.၆ ဘီလီယံရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလထက် ၅၀ ရာခိုင်နှုန်း တိုးမြင့်လာပြီး တရုတ်နိုင်ငံသို့ ၉၂ ရာခိုင်နှုန်း တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အသင်းမှ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ယခုနှစ်တွင် ဒူးရင်းလုပ်ငန်းသည် ဈေးနှုန်းများ မြင့်တက်လာကာ တောင်သူများအတွက် သိသာထင်ရှားသော အကျိုးအမြတ်များ ရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက် နမ်နိုင်ငံသည် ဩဂုတ် ၁၉ ရက်က လက်မှတ်ရေးထိုးထားသော လုပ်ထုံးလုပ်နည်းအရ ဒူးရင်း လတ်လတ်ဆတ်ဆတ်၊ အေးခဲထားသောဒူးရင်းများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိထားကြောင်း ၎င်းကပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ယခုနှစ် ဒူးရင်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားပြီး အေးခဲထားသည့် ဒူးရင်း ပမာ ဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ အထိရှိကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် ဒူးရင်းခြံ ဟက်တာ ၁၅၄,၀၀၀ ရှိပြီး နှစ်စဉ် တန်ချိန် ၁.၂ သန်းနီးပါး စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းဖော်ပြထားပါသည်။

ယခင်နှစ်က ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံ တန်ဖိုးရှိ ဒူးရင်းလတ်ဆတ်တန်ချိန် ၅၀၀,၀၀၀ (၉၀%) ခန့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source: VN express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်) hhhhhhhhhHhh့့့့့

Category: International News