International News

တောင်ကိုရီးယားနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးသည့် KEPCO က စက်မှုလုပ်ငန်းသုံး လျှပ် စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ပြီး လူနေအိမ်သုံးလျှပ်စစ်ဓာတ်အားခနှုန်းထားများကို ယခင်အတိုင်း ဆက်လက်ထားရှိမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံပိုင် လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးသည့်  KEPCO (State Utility Korea Electric Power Corp.) က စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်လိုက် ပြီး လူနေအိမ်သုံး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ယခင်အတိုင်း ဆက်လက်ထားရှိမည်ဖြစ် ကြောင်း ၂၃-၁၀-၂၀၂၄ ရက်နေ့တွင်  ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၄-၁၀-၂၀၂၄ ရက်နေ့မှ စတင်၍ ကော်ပိုရေးရှင်းကြီးများကဲ့သို့သော အကြီးစားစက်မှုလုပ် ငန်းအသုံးပြုသူများအပေါ် ပျမ်းမျှအားဖြင့် ၉.၇ ရာခိုင်နှုန်းမှ ၁၀.၂ ရာခိုင်နှုန်းအထိ (မူလက တစ်ကီ လိုဝပ်/နာရီလျှင် ၁၆၅. ၈ ဝမ်ကျသင့်သော်လည်း နှုန်းသစ်တွင် ၁၈၂.၇ ဝမ် အထိကျသင့်မည်) တိုး မြှင့်ကောက်ခံမည် ဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားကုမ္ပဏီများ (SMEs) အ ပေါ်တွင် ၅.၂ ရာခိုင်နှုန်း (မူလက တစ်ကီလိုဝပ်/နာရီလျှင် ၁၆၄.၈ ဝမ်ကျသင့်သော်လည်း နှုန်းသစ် တွင် ၁၇၃.၃ ဝမ် အထိကျသင့်မည်) တိုးမြှင့်ကောက်ခံမည်ဖြစ်ပါကြောင်း၊ အရွယ်အစားသေးငယ် သောဆိုင်များနှင့် မိသားစုသုံးများအတွက် တိုးမြှင့်မည်မဟုတ်ပါကြောင်း၊ KEPCO အနေဖြင့် နှစ် ပေါင်းများစွာ ကြုံတွေ့နေရသော ငွေကြေးအခက်အခဲများကို ဖြေရှင်းရန်ရည်ရွယ်၍သာ ယခုကဲ့သို့ နှုန်းထားများ တိုးမြှင့်ခြင်းဖြစ်ကြောင်း KEPCO က ထုတ်ပြန်ခဲ့ပါသည်။

ယင်းသို့ တိုးမြှင့်လိုက်ခြင်းအပေါ် စီးပွားရေးလုပ်ငန်းများမှ မကျေနပ်မှုများရှိနေပါသည်။ စက်မှုလုပ်ငန်းသုံးလျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ခြင်းသည် ထုတ်လုပ်မှုကုန်ကျစရိတ် ကို မြင့်မားစေမည့်အပြင် ဝန်ထုပ်ဝန်ပိုးများထပ်လောင်းဖြစ်ပေါ်စေကြောင်း၊ KEPCO ၏ ကုန်ကျ စရိတ်ကို လျှပ်စစ်သုံးစွဲသူအားလုံးက မျှ၍ကျခံသင့်ကြောင်း  ကိုရီးယားကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းက ဝေဖန်ကြပါသည်။

ထို့ကြောင့် KEPCO က သတင်းစာရှင်းလင်းပွဲတွင် “စက်မှုလုပ်ငန်းသုံးများမှ လျှပ်စစ်ဓာတ် အား သုံးစွဲမှုသည် စုစုပေါင်း လျှပ်စစ်သုံးစွဲမှု၏  ၅၃.၂ ရာခိုင်နှုန်းအထိရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်က အကြီးစား စက်မှုလုပ်ငန်းများ၏ သုံးစွဲမှုသည် စုစုပေါင်း လျှပ်စစ်သုံးစွဲမှု၏  ၄၈.၁ ရာခိုင်နှုန်းအထိ ရှိပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုများမဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အဦများနှင့် ကိရိယာများ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများဆောင်ရွက်ရန်နှင့် နောက် ပိုင်းတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် AI (ဉာဏ်ရည်တု) ကဲ့သို့သော အဆင့်မြင့်ခေတ်မီစက်ရုံ/ လုပ်ငန်းကြီးများအတွက် လိုအပ်သည့် မဟာဓာတ်အားလိုင်းများတိုးချဲ့ရန် ဓာတ်အားခနှုန်းထား များကို တိုးမြှင့်ကောက်ခံရခြင်းဖြစ်ပါကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့ပြင် လောင်စာဆီဈေးနှုန်းများမြင့်မားလာခြင်းကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒုတိယ ၆ လအထိ ကာလအတွင်း KEPCO သည် စုစုပေါင်းတောင်ကိုရီးယားဝမ် ၄၁ ထရီလီယံ အရှုံးပြခဲ့ပါ ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၆ လအထိ စာရင်းအရ KEPCO ၏ ကြွေးမြီသည် ဝမ်ငွေ ၂၀၃ ထရီလီ ယံအထိ မြင့်တက်ခဲ့ပါကြောင်း၊ ယင်းအတွက် ပေးချေရမည့်အတိုးနှုန်းကိုပါ ထည့်၍ပေါင်းလျှင် ပြီး ခဲ့သည့် သုံးလပတ်လေးကြိမ်ဆက်တိုက်တွင် ရရှိခဲ့သည့်လုပ်ငန်းအမြတ်ငွေထက်ပင် ကျော်လွန်နေ ပါကြောင်း KEPCO ၏ CEO Mr. Kim Dong-cheol က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါ သည်။

ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးကလည်း အကြီးစားစက်မှုလုပ် ငန်းများ၏ ထုတ်ကုန်များသည် ပြည်ပသို့တင်ပို့သည့် ကုန်စည်များဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ခအတွက် ကုန်ကျစရိတ်သည် ၎င်းတို့၏ စုစုပေါင်းကုန်ကျစရိတ်၏ ၁.၃ ရာခိုင်နှုန်းသာရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားခ မြင့်မားလာမှုကြောင့် ထုတ်လုပ်မှုစရိတ်မြင့်မားသည့်တိုင်အောင် ပြည်ပသို့ တင်ပို့သည့်ကုန်စည်ဈေးနှုန်းသာ မြင့်မားမည်ဖြစ်သည့်အတွက် ပြည်တွင်းဈေးကွက်အပေါ် သက် ရောက်မှုသည် အနည်းဆုံးအတိုင်းအတာသာရှိနိုင်ကြောင်း KEPCO ၏ သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ပါသည်။

စုစုပေါင်း လျှပ်စစ်သုံးစွဲမှု၏ ရာခိုင်နှုန်းအတော်များများကို သုံးစွဲမှုပြုသည့် လုပ်ငန်းများ အ ပေါ်တွင် လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိသည့် ဖွံ့ဖြိုးပြီး နိုင်ငံ တစ်နိုင်ငံ၏ ရှူထောင့်မျိုးစုံဘက်မှကြည့်၍ မူဝါဒတစ်ခုချမှတ်ဆောင်ရွက်ခြင်းကို တင်ပြအပ်ပါ သည်။

https://www.koreatimes.co.kr/www/tech/2024/10/129_384850.html#:~:text=KEPCO%20said%20it%20will%20raise,%2Dsized%20enterprises%20(SMEs)

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

 

 

Category: International News