International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကြားမှ နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စွာတိုးတက်စေရေး ဆောင်ရွက်သွားမည်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အမျိုးမျိုးသောပြင်ပစိန်ခေါ်မှုများရှိနေသော်လည်း နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ထိန်းသိမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ယခုနှစ်ပထမနှစ်ဝက်တွင် အမြင့်မားဆုံး ရောက်ရှိခဲ့ပြီး နောင်လာမည့်ကာလ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များအတွက် အခြေခံအုတ်မြစ်ကောင်းများကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အ လက်များအရ ကုန်စည်ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ၆.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ် ၂၁.၁၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၉၇ ထရီလီယံခန့်) ရှိခဲ့ကြောင်း၊  ပို့ကုန် ၆.၉ ရာခိုင်နှုန်း နှင့် သွင်းကုန် ၅.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံအကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Lyu Daliang မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ဆိုင်ရာ ကုန်သွယ်မှုပမာဏသည် ပထမနှစ်ဝက်တွင် ယွမ် ၁.၂၂ ထရီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ၁၀.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊  နယ်စပ်ဖြတ် ကျော် e-commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးဇုန်များ တည်ထောင်ခြင်း၊ အကောက်ခွန် ရှင်းလင်းမှု လွယ်ကူချောမွေ့စေရေးတို့အပါအဝင် မူဝါဒပံ့ပိုးမှုများဖြင့်မြှင့်တင်ပေးခဲ့ကြောင်း၊ မသေချာမရေရာမှုများ မြင့်တက်လာခြင်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုရှိသော ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုတိုးတက်မှုကို ထိန်းသိမ်းနိုင်ရေးအတွက် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရကြောင်း၊ ပင်လယ်နီတင်းမာမှုများကြောင့် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များပေါ်တွင် ထင်ရှားသော သက်ရောက်မှုများရှိခဲ့ပြီး ကုန်စည်ပို့ဆောင်မှု ဆိုင်ရာအခက်အခဲများဖြစ်ပေါ်ခြင်း၊ ပို့ဆောင်ခနှုန်းများ မြင့်တက်၍ စရိတ်စက ပိုမိုမြင့်မားလာခြင်းတို့ က နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများအပေါ် ဖိအားများ တိုးလာစေခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံ၏ အလွန်ကြီးမားသော ပြည်တွင်းဈေးကွက်၊ ပြည့်စုံသည့် စက်မှုလုပ်ငန်းစနစ်နှင့် အစိုးရ၏ မူဝါဒပိုင်း ဆိုင်ရာ ပံ့ပိုးကူညီမှုများက နိုင်ငံခြားကုန်သွယ်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုအရှိန်အဟုန် တိုးမြင့်လာစေရေးအတွက် မူဝါဒချမှတ် အကောင်အထည်ဖော်မှုများ သေချာမှုရှိစေရန်၊ အလယ်အလတ်တန်းစားကုန်စည်များ၏ ကုန်သွယ်မှုတိုးတက်ရေးကို မြှင့်တင်ရန်၊ အဆင့်မြင့်နည်းပညာနှင့် စက်ကိရိယာများ၊ အရေးကြီးသည့် အဓိကအစိတ်အပိုင်းများ တင်သွင်းမှုခြင်းတို့ကို ပံ့ပိုးမြှင့်မှုတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အကောက် ခွန်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများကို ပိုမိုလွယ်ကူချောမွေ့စေကာ နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုရေးအတွက် ဝန်ဆောင်မှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အခြားသောလုပ်ငန်းပုံစံသစ်များ ဖွံဖြိုးတိုးတက်စေရေးကိုလည်း တိုးမြှင့်ဆောင် ရွက်သွားမည်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

အုပ်ချုပ်မှုအပိုင်းတွင်လည်း အခြေအနေပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်၍ အကောက် ခွန်ရှင်းလင်းမှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် မူဝါဒများရွေးချယ်ချမှတ်ကာ စီးပွားရေးလုပ်ငန်းများ၏ ဝန်ထုပ်ဝန်ပိုးများ လျှော့ချပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

Source: Interview: China's foreign trade to maintain stable growth despite challenges - People's Daily Online

ဒေါ်သင်းသင်းအောင်

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ       

 

 

 

 

 

                                                                                      

 

 

 

 

 

Category: International News