International News

ဗီယက်နမ်နိုင်ငံ ဒါနန်း လေဆိပ်သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည် ၃.၁ သန်းခန့်အား ဝန်ဆောင်မှုပေးခဲ့

Last Updated:

ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယခုနှစ်ပထမ ၆ လတွင် နိုင်ငံတကာ ခရီးသွား ဧည့်သည် ၃.၁ သန်းအား ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း လေဆိပ်အာဏာပိုင်များ အဆိုအရ သိရှိရပါသည်။

အဆိုပါကိန်းဂဏန်းသည် တစ်နှစ်ပတ်လုံးအစီအစဉ်၏ ၄၆ ရာခိုင်နှုန်း နှင့်ညီမျှကြောင်း၊ ပြည်တွင်းခရီးသွားအနေဖြင့် ၃.၅ သန်းရှိခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းသိရှိရပါသည်။လေကြောင်း ကုန်စည်ပို့ဆောင်ရေးအနေဖြင့် စုစုပေါင်း Cargo  တန်ချိန် ၆,၅၀၀ ခန့်ပို့ဆောင်ပြီးကြောင်း သိရှိရပါသည်။

ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းအာဏာပိုင်များသည် နိုင်ငံခြား လေကြောင်း လိုင်းများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် လေယာဉ်အတက်အဆင်း နှုန်းထားများ အား ၅၀ ရာခိုင်နှုန်း လျော့ချရန် အဆိုပြုထားကြောင်း သိရှိရပါသည်။

လေဆိပ်၏အပြည်ပြည်ဆိုင်ရာသည် တစ်နှစ်လျှင်ခရီးသည် ၄ သန်းခန့် ဝန်ဆောင်မှု ပေးနိုင်ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News