International News

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည်၇လအတွင်း အမေရိကန်ဒေါ်လာ ၄.၃၉ ဘီလီယံထိ ရောက်ရှိ

Last Updated:

၂၀၂၄ ခုနှစ် ၇ လအတွင်း ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၃၉.၈၈ ဘီလီယံအထိရောက်ရှိခဲ့သည်။

 ဇူလိုင်လတစ်လတည်း၌ပင် ကုန်သွယ်မှု ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၆၉.၇၂ ဘီလီယံ ရှိပြီး ယခင်လ နှင့်နှိုင်းယှဉ်လျှင် ၈.၇ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း‌ တွေ့ရှိရပါသည်။

၇လတာကာလအတွင်း ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၂၆.၉၈ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၅.၇ ရာခိုင်နှုန်းတိုးမြင့်လာသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လုပ်ငန်းများသည်  ပို့ကုန်အပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၃.၉ ဘီလီယံရှိပြီး စုစုပေါင်း ပို့ကုန်၏ ၇၂.၂ ရာခိုင်နှုန်း ရှိသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၃.၈ ရာခိုင်နှုန်း တိုးလာသည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်တန်ဖိုးသည် တစ်နှစ်ထက် တစ်နှစ် ၂၁.၂ ရာခိုင်နှုန်း တိုးလာကာ ၆၃.၀၈ ဘီလီယံထိ ရောက်ရှိခဲ့သည်။

ဗီယက်နမ်၏ ထိပ်တန်းပို့ကုန် ၃၀ မှ ပို့ကုန်တစ်ခုလျှင် ၁ ဘီလီယံကျော် ဝင်ငွေရှိပြီး နိုင်ငံ၏ စုစုပေါင်းပို့ကုန်၏ ၉၁.၉ ရာခိုင်နှုန်းရှိသည်။ ထုတ်ကုန် ၉ ခုမှာ ၁၀ ဘီလီယံအထက်ရှိပြီး နိုင်ငံစုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၇၀.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်းဖော်ပြထားသည်။

၇လတာကာလအတွင်း ဗီယက်နမ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၂.၉ ဘီလီယံရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၈.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၁၄.၀၈ ဘီလီယံအထိရောက်ရှိခဲ့ကြောင်းဖော်ပြထားပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News