တရုတ်နိုင်ငံ၏ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်သည် New International Land-Sea Trade Corridor ခေါင်းစဉ်အောက်မှ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များကို အဓိကသယ်ယူပို့ဆောင်မည့် ပထမဆုံး ချုံချင့်-ဗီယင်ကျန်း နယ်စပ်ဖြတ်ကျော်ရထားလမ်း (Chongqing-Vientiane cross-border rail) နှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း China Media Group (CMG) က ဖော်ပြခဲ့သည်။
ချုံချင့်မြို့ နှင့် China's Western Region's Auto and Motorcycle လုပ်ငန်းများအတွက် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးစင်္ကြံ၏ သိသာထင်ရှားသောချဲ့ထွင်မှုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing မြူနီစီပယ်မြို့နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံမှုများ၌ အရှိန်အဟုန်ဖြင့် ပါဝင်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။
တန်ဖိုးအားဖြင့် ယွမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ သန်း) တန်ဖိုးရှိသည့် မော်တော်ဆိုင်ကယ်နှင့် အစိတ်အပိုင်းများ တင်ဆောင်ထားသည့် ရထားသည် တရုတ်-လာအို မီးရထားလမ်းဖြင့် ထွက်ခွာမည်ဖြစ်ပြီး ၅ ရက်အတွင်း ဗီယန်ကျန်းမြို့သို့ ရောက်ရှိရန် မျှော်လင့်ထားကြောင်း သိရသည်။
တစ်ချိန်တည်းတွင် မော်တော်ဆိုင်ကယ်များ၊ အစိတ်အပိုင်းများနှင့် လျှပ်စစ်ပစ္စည်းများ သယ်ဆောင်သည့် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုသည် ချုံချင့်မြို့ Nanpeng Highway Bonded Logistics Center (Type B) မှ ထွက်ခွာမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုသည် လေးရက်အတွင်း ဗီယင်ကျန်းမြို့သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ရထားလမ်းကြောင်းနှင့် ချိတ်ဆက်ပြီး ပိုမို ကောင်းမွန်သော ချိတ်ဆက်မှုရရှိရန်အတွက် လမ်းကြောင်းနှစ်ခု၏ ပေါင်းစပ်အားသာချက်များကို အသုံးပြု၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။
အဆိုပါ ရထားလမ်းနှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုသည် အပြည်ပြည်ဆိုင်ရာ ကုန်လမ်း/ရေလမ်း ကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor) ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မီးရထားလမ်းနှင့် ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းများကို ချောမွေ့စွာပေါင်းစပ်၍ တရုတ်နိုင်ငံ ချုံချင့်၊ လာအိုနိုင်ငံ ဗီယင်ကျန်း၊ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မလေးရှာနိုင်ငံ ဆီလန်ဂေါ (Selangor) တို့ကို ဆက်သွယ်ထားသည့် ပြည့်စုံသော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တစ်ခု (comprehensive logistics chain) တည်ထောင်ရန် ဟိုင်နန် တက္ကသိုလ် Belt and Road သုတေသနဌာန ဌာနမှူး Liang Haiming က ပြောကြားခဲ့သည်။
ချို့ချင်မြို့ နှင့် အရှေ့ဘက်ဒေသမှ ကုန်ပစ္စည်းများ၏ နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရာတွင် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု၏ အရေးပါသော အခန်းကဏ္ဍကို ဖော်ပြ၍ ကုန်စည်လွှဲပြောင်းရာ၌ လိုက်လျောညီထွေရှိမှုနှင့် ကုန်ကျစရိတ်သက်သာမှု တို့ကို အလေးထားဆောင်ရွက်ခြင်း ဖြစ်သည်။ ဤအစီအစဉ်သည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကို ပိုမိုခိုင်မာစေပါသည်။
အဆိုပါလမ်းကြောင်းမှတစ်ဆင့် ချုံချင်မြို့သည် မော်တော်ဆိုင်ကယ် အစီးရေ ၂ ဒသမ ၂၁၄ သန်း တင်ပို့ခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းတင်ပို့သူအဖြစ် ရပ်တည်ခဲ့ကြောင်း Chongqing Daily က ဖော်ပြခဲ့သည်။ လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၂ သန်းကျော် အပါအဝင် စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး ယွမ်ငွေ ဘီလီယံ ၁၀၀ ကျော်ဖြင့် မြို့တော်တွင် နှစ်စဉ် မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုသည် အစီးရေ ၆ သန်းကျော် ရှိလာမည်ဟု ခန့်မှန်းထားသည်။
နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးသည် အထူးသဖြင့် ချုံချင့်မြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ ကုန်ပစ္စည်းများအတွက် အရှေ့တောင်အာရှ ရှိ နိုင်ငံတကာ ဈေးကွက်များသို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်နိုင်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးထားကြောင်း၊ ရထားလမ်းနှင့် ကုန်းလမ်း ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများသည် ချုံချင့်မြို့၏ မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ် လုပ်ငန်းများအတွက် စျေးကွက်ချဲ့ထွင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း Liang က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း/ရေလမ်း ကုန်သွယ်ရေး စင်္ကြံသစ် မှတဆင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယွမ်ငွေ ၁ ဒသမ ၁၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၅၈ ဒသမ ၁ ဘီလီယံ) ရှိခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီ တစ်နိုင်ငံလုံး၏ ပျမ်းမျှတိုးတက်မှုနှုန်း ၃ ဒသမ ၆ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့ကြောင်း တရုတ် အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ (GAC) မှ သိရသည်။ အဆိုပါစင်္ကြံ၏ လုပ်ငန်းလည်ပတ်မှု အရည်အသွေးနှင့် ထိရောက်မှုတို့သည့် ဆက်လက် တိုးတက်လျက်ရှိကြောင်း GAC က အစီရင်ခံခဲ့သည်။
ယခုအခါ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း/ရေလမ်း ကုန်သွယ်ရေး စင်္ကြံသစ်သည် ချုံချင့်မြို့မှ စတင်၍ နယ်စပ်ဂိတ်ပေါင်း ၅၄၈ ခုဖြင့် နိုင်ငံနှင့် ဒေသပေါင်း ၁၂၆ ခုကို ချိတ်ဆက်ထားကြောင်း ဖော်ပြထားသည်။
အရင်းအမြစ်။ http://en.people.cn/n3/2024/1225/c90000-20258237.html
စီးပွားရေးသံမှူး၊ကူမင်းမြို့။