International News

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုသည် ပထမ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလီယံကျော် ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၆ လတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလီယံနီးပါးကို ဆွဲဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃.၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MPI) ၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။

အဆိုပါကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လိုင်စင်ထုတ်ပေးသည့် စီမံကိန်းအသစ် ၁၅၃၈ ခုရှိပြီး စုစုပေါင်း စာရင်းသွင်း မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၉.၅၄ ဘီလီယံနီးပါးရှိကြောင်း၊ စီမံကိန်း အရေအတွက်မှာ ၁၈.၉ ရာခိုင်နှုန်းနှင့် မတည်ရင်းနှီးငွေ ၄၆.၉ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပါသည်။

လက်ရှိ FDI စီမံကိန်း ၅၉၂ ခုတွင် အမေရိကန်ဒေါ်လာ ၃.၉၅ ဘီလီယံကျော်ကို ထည့်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၁၄၂၀ တွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကျော် ထည့်ဝင်ခဲ့သည်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀.၈၄ ဘီလီယံအထိရှိပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်မှု ၈.၂ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားကုမ္ပဏီများသည် စီးပွားရေးကဏ္ဍ ၂၁ ခုအနက် ၁၈ ခုတွင် ရင်းနှီးမြှုပ်နှံပြီး ပြုပြင်ခြင်းနှင့် ကုန်ထုတ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀.၆၉ ဘီလီယံရှိကြောင်းနှင့် ယခင်နှစ်ထက် ၂၆.၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဖော်ပြထားသည်။

အိမ်ခြံမြေလုပ်ငန်းသည် အမေရိကန်ဒေါ်လာ ၂.၄၇ ဘီလီယံနှင့် လက်လီလက်ကား ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ ၆၁၄ သန်း ရှိခဲ့သည်။

ပထမ ၆ လအတွင်း ဗီယက်နမ်တွင် နိုင်ငံနှင့် နယ်မြေ ၈၄ ခုမှ လာရောက်ရင်းနှီးမြှုပ်ခဲ့သည့်အနက် စင်ကာပူသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမတည်ငွေ အမေရိကန်ဒေါ်လာ ၅.၅၈ ဘီလီယံနီးပါးဖြင့် ဦးဆောင်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၆.၇ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ၈၆ ရာခိုင် နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News