International News

ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၃၆၈ ဘီလီယံကျော် ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၃၆၈.၅၃ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၅.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အထွေထွေ စာရင်းအင်းရုံး (GSO) ၏ ဇွန် ၂၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါ ကိန်းဂဏန်းများအနက် ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၉၀.၀၈ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သွင်းကုန်တန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇၈.၄၅ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ၆ လတာကာလအတွင်း ကုန်သွယ်မှုပိုငွေဒေါ်လာ ၁၁.၆၃ ဘီလီယံအထိ ရှိခဲ့ သည်။

ပို့ကုန် (၂၉) ခုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိကြောင်း၊ နိုင်ငံစုစုပေါင်းပို့ကုန်၏ ၉၁.၄ ရာခိုင်နှုန်းရှိကြောင်း၊ ပို့ကုန် ၇ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ ဘီလီယံကျော် သို့မဟုတ် စုစုပေါင်းကုန်သွယ်မှု၏ ၆၅.၆ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပို့ကုန် ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၄.၃ ဘီလီယံရှိကြောင်းနှင့် တရုတ်နိုင်ငံသည် အကြီးဆုံး သွင်းကုန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး သွင်းကုန်စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy  

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News