International News

အမေရိကန်အစိုးရသည် နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများကို ပံ့ပိုးရန် HP ကုမ္ပဏီနှင့် ပဏာမသဘောတူစာချုပ် ချုပ်ဆိုခဲ့

Last Updated:

အမေရိကန်အစိုးရသည် CHIP and Science Act အရ HP ကုမ္ပဏီနှင့် အော်ရီဂွန်ပြည်နယ်ရှိ သုတေသနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ (R&D) ဆောင်ရွက်လျက်ရှိသည့်စက်ရုံ တိုးချဲ့ရန်နှင့် အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီထောက်ပံ့မည့် ပဏာမသဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။  အမေရိကန်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) ၏ ပြည်တွင်းထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ပြန်လည်ရှင်သန်လာစေရန်၊ လုပ်ခလစာမြင့်မားသည့် အလုပ်အကိုင်များဖန်တီးပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်ယင်းအဆိုပြုအစီအစဉ်သည် အဓိကကျသည့်ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပြီး အမေရိကန်နိုင်ငံအနေဖြင့် ဉာဏ်ရည်တုနည်းပညာသုံး  နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တီထွင်ထုတ်လုပ်ခြင်းတွင် ဦးဆောင်နိုင်ငံတစ်ခုဖြစ်လာရန်လည်း ကူညီပေးသွားမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပြုအစီအစဉ်အရ သက်ရှိသတ္တဝါများအတွက်အကျိုးပြုသည့် ဆေးဝါးများရှာဖွေမှု၊ Single-cell နှင့် Cell line research ပြုလုပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည့် Silicon devices များထုတ်လုပ်ခြင်းကို ပံ့ပိုးသွားမည်ဖြစ် ကြောင်း၊ HP ကုမ္ပဏီ၏ လုပ်ငန်းများသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် အရေးပါပြီး အဆိုပြုအစီအစဉ်ကို Harvard Medical School ၊ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (Centers for Disease Control and Prevention, CDC)နှင့် Merck  တို့ကဲ့သို့သော အစိုးရ၊ ပုဂ္ဂလိကအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီသည် ၎င်း၏လုပ်ငန်းနယ်ပယ်၌ နှစ်ပေါင်း ၄၇ နှစ်ကြာ သက်တမ်းရှိပြီး ယခုအဆိုပြုအစီအစဉ်အရ ဆောက်လုပ်ရေးလုပ်ငန်း၌ အလုပ်အကိုင်ပေါင်း ၁၅၀ ခန့်နှင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အလုပ် အကိုင်ပေါင်း ၁၀၀ ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: https://www.commerce.gov/news/press-releases/2024/08/biden-harris-administration-announces-preliminary-terms-hp-support

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News