International News

အမေရိကန်နိုင်ငံနှင့် ပီရူးနိုင်ငံတို့အကြား အရေးကြီးတွင်းထွက်သတ္တု (Critical Minerals) ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့

Last Updated:

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးတိုးတက်မှု၊ စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက်ဝန်ကြီး Mr. Jose W. Fernandez နှင့် ပီရူးနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီး Mr. Javier González-Olaechea တို့သည် အမေရိကန်နိုင်ငံနှင့် ပီရူးနိုင်ငံတို့အကြား အရေးကြီးတွင်းထွက်သတ္တုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နားလည်မှုစာချွန်လွှာကို ၂၉-၈-၂၀၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအစိုးရများအနေဖြင့် အရေးကြီးတွင်းထွက်သတ္တု ကဏ္ဍ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် (Critical minerals supply chain) တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကတိကဝတ်ပြုမှုကို အလေးထားဖော်ပြထားပြီး အရေးကြီးတွင်းထွက် သတ္တုကဏ္ဍရှိ အုပ်ချုပ်စီမံမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် လုံခြုံစိတ်ချရမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံစိတ်ဝင်စားသည့် အရေးကြီးတွင်းထွက်သတ္တုကဏ္ဍရှိ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် လုံခြုံစိတ်ချရမှုရှိစေရေး အရှိန်မြှင့်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: https://www.state.gov/the-united-states-of-america-and-peru-sign-memorandum-of-understanding-to-strengthen-cooperation-on-critical-minerals/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News