ဒူဘိုင်းအိမ်ရှေ့မင်းသား H.H. Sheikh Hamdan bin Mohammed bin Rashid Al Maktoum သည် လာမည့်ဆယ်စုနှစ်များအတွင်း ကဏ္ဍအသီးသီးတွင် ဒူဘိုင်း၏ဦးဆောင်မှုကို အားကောင်းလာစေရန်အတွက် ရည်ရွယ်သည့် ပြည့်စုံသောဗျူဟာများကို ထုတ်ဖော်ပြသခဲ့ပါသည်။
အဆိုပါ အစပျိုးဆောင်ရွက်မှုများကို ဒူဘိုင်းအမှုဆောင်ကောင်စီ၏ မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးတွင်အတည်ပြုခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုအတွက် ယူအေအီးနိုင်ငံ၏ ကြီးမားသော မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိကြောင်း ဖော်ပြထားပါသည်။
မိတ်ဆက်ပေးခဲ့သည့် ပြည့်စုံသောဗျူဟာများအနက် အဓိကဗျူဟာများမှာ ပညာရေး မဟာ ဗျူဟာ ၂၀၃၃ နှင့် အိမ်ခြံမြေမဟာဗျူဟာ ၂၀၃၃ တို့ ဖြစ်ကြပါသည်။ ပညာရေးအစီအစဉ်သည် အရည်အသွေးမြင့်ပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်စေရန်အတွက် ဒူဘိုင်းရှိ ပညာရေး အခင်းအကျင်းကို ပြောင်းလဲရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။တစ်ချိန်တည်းမှာပင် အိမ်ခြံမြေအစပျိုးမှုသည် ဒူဘိုင်း၏အိမ်ခြံမြေအရောင်းအ၀ယ်များ၏တန်ဖိုးကို ၂၀၃၃ ခုနှစ်တွင် AED ၁ ထရီလီယံအထိ မြှင့်တင်နိုင်ရန်ရည်မှန်းထားပြီး စီးပွားရေးကဏ္ဍ၏ပံ့ပိုးကူညီမှုအား သိသိသာသာမြှင့်တင်နိုင်ရန် ရည်မှန်းထားပါသည်။
Sheikh Hamdan မှ H.H Sheikh Mohammed bin Rashid Al Maktoum ၏ လမ်းညွှန်မှုအောက်တွင် ဒူဘိုင်း၏ဖွံ့ဖြိုးတိုးတက်မှုသည် ၎င်းတို့ပြည်သူများ၏ သာယာဝပြောရေးကို ဦးစားပေးထားခြင်းဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
၎င်းတို့သည် ဒူဘိုင်းအား လူနေမှုဘဝ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တစ်သက်တာလေ့လာသင်ယူမှုတို့အတွက် ကမ္ဘာ့ထိပ်တန်းနေရာအဖြစ် သတ်မှတ်ရန်ကတိပြုပါကြောင်း၊ မိသားစုတန်ဖိုးများနှင့် လူနေမှုဘဝ တိုးတက်ရေးတို့အတွက် နိုင်ငံ၏အပ်နှံမှုအပေါ်အလေးပေးပြောကြားခဲ့ပါသည်။
ပညာရေးမဟာဗျူဟာ ၂၀၃၃ သည် နိုင်ငံသားများ၏တန်ဖိုးထားမှုများတွင် အမြစ်တွယ်လျှက်ရှိပြီး အနာဂတ်ခေါင်းဆောင်များအား လိုအပ်သောကျွမ်းကျင်မှုများဖြင့် တစ်သက်တာ သင်ယူနိုင်မှုကို မြှင့်တင်သွားနိုင်ရန် ပုံစံဒီဇိုင်းထုတ်ထားပါသည်။
ဤနည်းဗျူဟာသည် ဒူဘိုင်း၏အနာဂတ်တွင်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး နောက်မျိုးဆက် များအား မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်နိုင်စေမည်ဖြစ်ကြောင်း Sheikh Hamdan က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အစီအစဉ်သည် အရည်အချင်းများကို ပြုစုပျိုး ထောင်ပေးရုံသာမက ကနဦးအသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းညွှန်ချက်များကိုပါ အလေး ပေးထားသည့် ကျောင်းသားဗဟိုပြုပညာရေးစနစ်ကို ဖန်တီးသွားရန် ရည်ရွယ်ထားရှိပြီး ယူအေအီးနိုင်ငံမှ ကျောင်းသားများသည် ထိပ်တန်းတက္ကသိုလ်များတွင် နေရာရရှိရေးအတွက် အပြိုင် အဆိုင်ဖြစ်စေကြကြောင်း သေချာစေရန် ရည်ရွယ်ထားရှိပါသည်။
ပညာရေးနှင့် ဆက်စပ်သက်ဆိုင်သူပေါင်း ၇၀၀ ကျော်တို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် တီထွင်ထားရှိသော ပညာရေးမဟာဗျူဟာသည် လေးစားဖွယ်ပညာရေးဆရာများနှင့် ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုတို့မှ ပံ့ပိုးပေးထားသော ကမ္ဘာ့အဆင့်မီ ပညာရေးအတွေ့အကြုံများကို အစောပိုင်းကလေးဘဝမှ အဆင့်မြင့်ပညာရေးအထိ ပေးအပ်သွားရန် ကတိပြုထားရှိပါသည်။ မဟာ ဗျူဟာသည်နိုင်ငံ၏ ဦးစားပေးမှုများနှင့် လိုက်လျောညီထွေရှိသော သက်မွေးဝမ်းကျောင်း အဖွဲ့အစည်းများအပါအဝင် မတူကွဲပြားသော လမ်းကြောင်းများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါ သည်။
ပညာရေးအစပျိုးမှုနှင့်အတူ အိမ်ခြံမြေမဟာဗျူဟာ ၂၀၃၃ သည် အိမ်ခြံမြေ အရောင်း အ၀ယ်များကို ၇၀ % တိုးမြှင့်စေပြီး အိမ်ခြံမြေအစုရှယ်ယာတန်ဖိုးကို AED ၂၀ ဘီလီယံအထိ မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေးကွဲပြားမှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။ ဤနည်းဗျူဟာသည် ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 ၏ အဓိက အစိတ်အပိုင်း တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပြီး၊ ဒူဘိုင်း၏ GDP တွင် AED ၇၃ ဘီလီယံကိုပံ့ပိုးကူညီရန်နှင့် အိမ်ပိုင်ဆိုင်ခွင့်ကို မြှင့်တက်စေရန်နှင့် မိသားစုတည် ငြိမ်မှုကိုမြှင့်တင်ရန်အတွက် ဆောင်ရွက်သွားရန် ရည်ရွယ်ထားရှိပါသည်။
အတည်ပြုထားသော အစီအစဉ်များတွင် ဒူဘိုင်း၏ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက် အအုံများကိုခေတ်မီစေရန်နှင့် ငွေသားမသုံးသည့် စီးပွားရေးကိုမြှင့်တင်ရန် စသည့် အစပျိုးမှုများလည်း ပါဝင်ပါသည်။ ယူဘိုင်း၏ငွေသားမသုံးသည့်မဟာဗျူဟာသည် ၂၀၃၃ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိငွေသားကို အသုံးပြုခြင်းမရှိသောထိပ်တန်းမြို့ကြီးငါးမြို့တွင် ဒူဘိုင်းကို နေရာရရှိစေရန် ရည်မှန်းထားပြီး စီးပွားရေးလုပ်ငန်းများ၏ ၁၀၀ % သောဒစ်ဂျစ်တယ် ငွေပေးချေမှုများကိုလက်ခံကာ နိုင်ငံ့စီးပွားရေးအတွက် AED ၈ ဘီလီယံကို ပံ့ပိုးပေးနိုင်မည့် အစီအစဉ်များပါဝင်ပါသည်။
ထို့အပြင် စမတ်ကျသည့်ရွှေ့လားမှုဗျုဟာ ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ဆိုင်းငံ့ထား သည့် သယ်ယူပို့ဆောင်ရေးစနစ်များစီမံကိန်းသည် ၂၀၃၀ ခုနှစ်တွင် ဒူဘိုင်းရှိ ခရီးစဉ်အားလုံး၏ ၂၅ % ကို အလိုအလျောက်ရောက်ရှိစေရန် ရည်မှန်းထားပါသည်။ ၎င်းကို ၆၅ km စနစ်ဖြင့် အဓိကနေရာများကို ထိရောက်သော ချိတ်ဆက်မှုများဖြင့် ဆောင်ရွက်ပေးထားကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် Mohammed bin Rashid စာကြည့်တိုက်မှ ကြီးကြပ်သည့် ဒူဘိုင်းအမျိုးသား မော်ကွန်းတိုက်စီမံကိန်းသည် ယူအေအီးနိုင်ငံ၏ ကြွယ်ဝသောသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မှတ်တမ်းတင်ထိန်းသိမ်းထားရှိရန် ရည်ရွယ်ထားပြီး အနာဂတ် မျိုးဆက်သစ်များမှ ဒူဘိုင်း၏ သမိုင်းခရီးစဉ်နှင့် အောင်မြင်မှုများကို တန်ဖိုးထားနိုင်စေရန်အတွက် ရည်ရွယ်ထားပါသည်။
ဤရည်မှန်းချက်ကြီးသောဗျူဟာများသည် တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများအတွက် ဒူဘိုင်း၏ ကတိကဝတ်များကိုအားဖြည့်ပေးရုံသာမက ပညာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူနေမှုဘဝ အရည်အသွေးတို့အတွက် ကမ္ဘာ့ထိပ်တန်းအချက်အချာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေစေမည့် ယူအေအီးနိုင်ငံ၏ ရည်မှန်းချက်ကိုလည်း မီးမောင်းထိုးပြသလျှက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။
Source: Emirates News Agency
Nanda Soe Myint Economic Counsellor (Dubai)