ယူအေအီးနိုင်ငံကိုကိုယ်စားပြုသည့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ယမန်နေ့က ဆွစ်ဇာလန်နိုင်ငံ၏ ဗဟိုဘဏ္ဍာရေးဌာနနှင့် ၆ ကြိမ်မြောက် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဓိကအားဖြင့် ဘဏ္ဍာရေးနှင့်စီးပွားရေးဆိုင်ရာကဏ္ဍများ အထူးသဖြင့် ဒစ်ဂျစ်တယ် ငွေကြေး၊ နိုင်ငံတကာအခွန်ကောက်ခံမှုနှင့် မက်ခရိုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် အလေးထားဆွေးနွေးခဲ့ကြပါသည်။
ယူအေအီးနိုင်ငံမှ ဘဏ္ဍာရေးရေးရာဝန်ကြီး Mohamed Hadi Al Hussaini သည် ဆွစ်ဇာလန်နိုင်ငံမှ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး Daniela Stoffel Delbrück နှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့အား လက်ခံကြိုဆိုခဲ့ပါသည်။ နှစ်ဖက်စလုံးမှ ယူအေအီး-ဆွစ်ဇာလန် ဗျုဟာမြောက် ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲအတွက် ၎င်းတို့၏ကတိကဝတ်ကို ထပ်မံအတည် ပြုသည့် ပူးတွဲကြေငြာချက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
Al Hussaini မှတွေ့ဆုံဆွေးနွေးမှု၏ အရေးပါမှုအပေါ်မီးမောင်းထိုးပြခဲ့ပြီး ၎င်းသည် ခိုင်မာ သော ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမြောက် လမ်းကြောင်းတစ်ခုအဖြစ် သက်သေပြခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်ငွေကြေးနှင့် Virtual assets ကဲ့သို့သော ပိုင်ဆိုင်မှု ဆိုင်ရာစည်းမျဉ်းများ ကဲ့သို့သောထွန်းသစ်စကဏ္ဍများတွင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို တွန်းအားပေးရန်အတွက် အစိုးရများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်း များကြား ဆက်သွယ်ရေး တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းကအလေးပေး ပြောကြားခဲ့ပါသည်။
Stoffel က အဆိုပါသဘောထားများအတိုင်း ပဲ့တင်ထပ်ပြောကြားခဲ့ကာ ဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ပိုမိုခိုင်မာသော ဘဏ္ဍာရေးဆိုင်ရာဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် အဓိကအစပြုမှုအဖြစ် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ဆွေးနွေးမှုများတွင် G20 နှင့် ဘဏ္ဍာရေးတည်ငြိမ်မှုဘုတ်အဖွဲ့အတွင်း ဖြစ်ပေါ်တိုးတက်မှု များ အပါအဝင် ကမ္ဘာ့ဘဏ္ဍာရေး လမ်းကြောင်းများအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါဝင်ကြသူများမှ နိုင်ငံတကာအခွန်ကောက်ခံမှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အစီအမံများနှင့် ဘဏ္ဍာရေးစျေးကွက်များတွင် ပူးပေါင်းဆောင်ရွက်မှုစသည့် ဆွေးနွေးမှု ခေါင်းစဉ်များတွင်လည်း စူးစမ်းလေ့လာခဲ့ကြပါသည်။
ယူအေအီးနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် နှစ်နိုင်ငံစလုံးတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုများကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပြီး ဆန်းသစ်တီထွင်မှု နှင့် တိုးတက်မှုတို့အတွက် လမ်းကြောင်းတစ်ခုအဖြစ် ဘဏ္ဍာရေးဆွေးနွေးပွဲကို ဆက်လက် ထိန်းသိမ်းသွားမည့် ၎င်းတို့၏ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
Source: Emirates News Agency
Nanda Soe Myint Economic Counsellor (Dubai)