International News

ဗီယက်နမ်နိုင်ငံသည် ပထမသုံးလပတ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၈.၀၈ ဘီလီယံ စံချိန်ရရှိ

Last Updated:

ဗီယက်နမ်၏ စုစုပေါင်း ပို့ကုန်-သွင်းကုန် ကုန်သွယ်မှုပမာဏသည် ယခုနှစ်ပထမသုံးလပတ် တွင် အမေရိကန်ဒေါ်လာ ၁၇၈.၀၄ ဘီလီယံအထိရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် နှစ်စဉ် ၁၅.၅ တိုးလာကြောင်းနှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၈.၀၈ ဘီလီယံ ရရှိခဲ့ကြောင်း အထွေ ထွေ စာရင်းအင်းရုံး (GSO) ၏ အဆိုအရ သိရှိပါသည်။ ပို့ကုန်အနေဖြင့် အထူးကောင်းမွန်လျက်ရှိကြောင်းဖော်ပြထားပြီး ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၉၃.၀၆ ဘီလီယံဖြင့် တစ်နှစ်ထက် တစ်နှစ် တိုးတက်မှု ၁၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရှိရပါသည်။

ပြုပြင်ထုတ်လုပ်သော စက်မှုထုတ်ကုန် ပစ္စည်းများအနေဖြင့် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၈၂.၀၂ ဘီလီယံရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၈.၁ ရာခိုင်နှုန်း ရှိသည်။ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၈၄.၉၈ ဘီလီယံအထိ ရှိလာခဲ့ပြီး ၁၃.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ထုတ်လုပ်မှုပစ္စည်းများတွင် သွင်းကုန်အများစုမှာ အမေရိကန်ဒေါ်လာ ၇၉.၉ ဘီလီယံ သို့မဟုတ် စုစုပေါင်း သွင်းကုန်တန်ဖိုး၏ ၉၄ ရာခိုင်နှုန်းခန့် ရှိကြောင်း ဖော်ပြထားသည်။

 

 

Source : https://en.nhanh.vn

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News