International News

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် တရုတ်နိုင်ငံ၊စီးပွား/ကူးသန်းဝန်ကြီးသည် ကမ္ဘာ့ကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ်များနှင့်တွေ့ဆုံခဲ့

Last Updated:

တရုတ်နိုင်ငံ၊ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  Wang Wentao သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့် ကမ္ဘာ့အဆင့်မီစီးပွားရေး လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများ ပံ့ပိုးပေးရန် ရည်ရွယ်ချက်များဖြင့် ပေကျင်း၌ နှစ်စဉ်ကျင်းပသော တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (China Development Forum) မတိုင်မီ  Apple ၊ Qualcomm နှင့် Visa Inc အပါအဝင် ကမ္ဘာ့ကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ် များနှင့်တွေ့ဆုံခဲ့ပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးကို မကောင်းပြောနေသော အနောက်တိုင်းမီဒီယာများနှင့် ပိုမိုရှုပ်ထွေးလာသော ကမ္ဘာ့စီးပွားရေး အခြေအနေများကြားမှ ကမ္ဘာကျော် CEO များ တရုတ်နိုင်ငံသို့ လာရောက်ခြင်းသည် တရုတ်နိုင်ငံ၏ အခွင့်အလမ်းများကို အများသူငှါ သိရှိစေရန်နှင့် စိတ်အားထက်သန်မှုနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အလားအလားများအပေါ် ၎င်းတို့၏ ယုံကြည်မှုကိုအပြည့်အဝ ထင်ဟပ်နေကြောင်း လေ့လာသုံးသပ်သူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang နှင့် Qualcomm  စီအီးအိုတွေ့ဆုံရာတွင် တရုတ်-အမေရိကန် ကုန်သွယ်မှုနှင့် စီးပွားရေး ဆက်ဆံမှုအခြေအနေ၊ တရုတ်ပြည်၌ Qualcomm  ကုမ္ပဏီ၏ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။       

Wang က တရုတ်နိုင်ငံသည် တီထွင်မှုအခြေခံ အရည်အသွေးမြင့်ထုတ်ကုန်စွမ်းအားများ တိုးတက်ရန် နှင့် Qualcomm အပါအဝင် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများဖြစ်သည့် ဉာဏ်ရည်တု (AI) နှင့်  colud computing  ကဲ့သို့ အဆင့်မြင့်နည်းပညာနယ်ပယ်များတိုးတက်ရန် အရှိန်မြှင့်နေကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

Qualcomm စီအီးအိုက အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းများသည် နိုင်ငံအားလုံး၏ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ပြီး အမေရိကန်နှင့် တရုတ်အစိုးရများသည် နှစ်နိုင်ငံလုံးမှ ကုမ္ပဏီများအတွက်တည်ငြိမ်ပြီး ခန့်မှန်းနိုင်သော ခိုင်မာသည့်စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ Qualcomm အနေဖြင့် တရုတ်စီးပွားရေး မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးဟောင်းနှင့်တရုတ်၊ နိုင်ငံတကာစီးပွားရေးဖလှယ်မှု ဗဟို ဒုတိယ အမှုဆောင်အရာရှိချုပ်ဖြစ်သူ  Wei Jianguoက တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စွဲဆောင်ရန် အားသာချက်များရှိပြီး ကမ္ဘာပေါ်တွင် အပြည့်စုံဆုံး စက်မှုလုပ်ငန်းကွင်းဆက်များကြောင့် ထုတ်လုပ်မှုကုန်ကျ စရိတ်နည်းပါးကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအသင်း (China Association of International Trade ) မှ အကြီးတန်းသုတေသနပညာရှင်  Li Yong က တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့်စီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံထက် ပိုမိုကြီးမားသော ဈေးကွက်ကို ပံ့ပိုးပေးနိုင်သည့် နိုင်ငံအနည်းငယ်သာရှိကြောင်း Global Times သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါသည်။

တံခါးဖွင့်မူဝါဒကို ဖြေးဖြေးမှန်မှန်ကျင့်သုံးရန် ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် အသုံးချ နိုင်ရန်၊ ကဏ္ဍ (၅)ခုအပေါ် ကျင့်သုံးမည့် နည်းလမ်း ၂၄ ခုပါဝင်သော လုပ်ငန်းစီမံချက်ကို မတ် ၁၉ရက်နေ့တွင် နိုင်ငံတော် ကောင်စီအထွေထွေရုံးက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းစီမံချက်တွင် ဈေးကွက်ချဲ့ထွင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း၊ မျှတစွာယှဉ်ပြိုင်စေခြင်း၊ ဆန်းသစ်တီထွင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေခြင်းနှင့် ပြည်တွင်းစည်းမျဉ်းများကို အဆင့်မြင့်နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုစည်း မျဉ်းများနှင့်အညီ ပိုမိုကောင်းမွန်သော ချိန်ညှိခြင်းတို့ ပါဝင်ပါသည်။

“တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းအမှတ်တံဆိပ် ” တည်ဆောက်ရာတွင် တရုတ်နိုင်ငံအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ရေပန်းစားသောနေရာတစ်ခုအဖြစ်  ထိန်းသိမ်းထားနိုင်ရန် အဖွဲ့အစည်းများအား ပွင့်လင်းမြင်သာမှုနှင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 Source : https://www.globaltimes.cn/page

Source: https://commerce.gov.mm

Category: International News