International News

ဗီယက်နမ်နိုင်ငံကုန်စည်ပြပွဲသည် ပြည်တွင်းပြည်ပ လာရောက်ပြသသူ ၄၈၀ ဦးခန့်ထိ ဆွဲဆောင်

Last Updated:

၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ဟနွိုင်းမြို့၌ ဖွင့်လှစ်ခဲ့သော ဗီယက်နမ်နိုင်ငံတကာ ကုန်စည်ပြပွဲ (Vietnam Expo 2024) သို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၈၀ ခန့် တက်ရောက်ကြကြောင်း The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

Hoan Kiem မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲဗဟိုဌာနတွင် ကျင်းပပြုလုပ်လျက်ရှိသည့် လေးရက်ကြာ ကျင်းပသွားမည့် အဆိုပါကုန်စည်ပြပွဲတွင် အီလက်ထရွန်းနစ်ပစ္စည်းများ၊ စက်ယန္တရားများ၊ အစားအသောက်နှင့် နည်းပညာကဲ့သို့သော လုပ်ငန်းများမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများစွာကို ပြခန်းပေါင်း ၆၀၀ နီးပါးတွင် ပြသထားကြောင်းနှင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

၃၃ ကြိမ်မြောက် ကုန်စည်ပြပွဲသည် လာရောက်ကြည့်ရှုသူ ၂၀၀၀၀ ကျော်ကို ဆွဲဆောင်နိုင်မည်ဟုမျှော်လင့်ရကြောင်း၊ ပုံမှန်ကုန်သွယ်မှုပရိုမိုးရှင်းများအပြင် Vietnam Expo 2024 တွင် စီးပွား ရေးလုပ်ငန်းများကို အလားအလာရှိသော စားသုံးသူများနှင့် ချိတ်ဆက်နိုင်စေမည့် ၎င်း၏ ပထမဆုံးသော virtual platform ကို မိတ်ဆက်ပေးထားကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Nguyen Hong Dien မှ ယခုကုန်စည်ပြပွဲတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းကို ပြသရန် အခွင့် အရေးရရှိသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ လာရောက်ကြည့်ရှုသူများကို မိမိထုတ်ကုန်ပစ္စည်းအား ပြသရန် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါကုန်စည်ပြပွဲကို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) နှင့် Vinexad တို့မှ ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News