International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ခရီးသွားလာရေးလုပ်ငန်းမြှင့်တင်ရန်အတွက် ခရီးသွားလာရေး ဆိုင်ရာ ဝန်ဆောင်မှုများကို ၆၀ ရာခိုင်နှုန်းထိ လျော့ချ

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ခရီးသွားလာရေးဌာနသည် မကြာသေးမီက မြို့တော်အတွင်း ခရီး သွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် ၁၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ဈေးများပေးသည့် အစီ အစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်နေ့က စတင်ခဲ့ကြောင်း Vietnam News Agency အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါအစီအစဉ်သို့ ပါဝင်မည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လျှော့ဈေးရွေးချယ်မှုများပေးရန်အတွက် နားလည်မှုစာချွန်လွှာ (MOUs) ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ခရီး သွားအေးဂျင့် ၁၀၀ နီးပါး ပါဝင်မည်ဖြစ်ပြီး ခရီးသွားခြင်း၊ ဟိုတယ်၊ အစားအသောက်၊ ဈေးဝယ် ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်ကဲ့သို့သော ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များအတွက် လျှော့ဈေးများပေးရန် စီးပွားရေးလုပ်ငန်းများမှ သဘောတူညီခဲ့ပြီး ၎င်းကိုလာမည့်ဧပြီလ ၄ ရက်မှ ၇ ရက်အထိ ၁ မြို့နယ်ရှိ ၂၃/၉ ပန်းခြံတွင် ကျင်းပမည့် ဟိုချီမင်းစီးတီး ခရီးသွားပွဲတော်တွင် ခရီးသွားများထံ တရားဝင်မိတ်ဆက်သွားမည်ဖြစ်သည်။

ခရီးသွားများအနေဖြင့် ဟိုချီမင်းမြို့ရှိ မြို့ပြခရီးစဉ် ၂၃ ခုအထိ ရွေးချယ်နိုင်ပြီး အနီးနားဒေသများနှင့် မြို့များသို့ ချိတ်ဆက်ထားသော နောက်ထပ် ခရီးစဉ် ၁၃ ခုတို့ ပါဝင်မည်ဖြစ်သည်။ အထူးသဖြင့်၊ အစားအသောက်၊ စျေးဝယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဖျော်ဖြေရေးနှင့် အပန်းဖြေဝန်ဆောင်မှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဗီယက်နမ်ဒေါင် ၅၀ ဘီလီယံအတွက် ဗီယက်နမ်ဒေါင် ၂ သန်း ဘောက်ချာများကို ပေးသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်မှ ၂၀၃၀ အထိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ခရီးသွား လာရေးလုပ်ငန်းဌာနနှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် နှောင်းပိုင်းကာလမှစတင်၍ ဟိုချီမင်းမြို့တော်ရှိ ခရီးသွားလာရေးဌာနသည် အပန်း ဖြေအဖွဲ့များ၊ ခရီးသွားအေးဂျင့်စီများနှင့် ဟိုတယ်များကဲ့သို့သော ခရီးသွားကဏ္ဍရှိ အဓိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တည်းခိုစားသောက်ခ ဝန်ဆောင်မှု အပြီးအစီး ပါရှိသည့် Package Tour များလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ Package Tour များ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွားဧည့်သည်များအနေဖြင့် ဟိုချီမင်းမြို့ သာမက နိုင်ငံ တစ်ဝှမ်းရှိ အခြားမရောက်ဖူးသေးသည့် နေရာများသို့ပါ စူးစမ်းလေ့လာရန် အခွင့်အရေးများ ရရှိနိုင်ကြောင်း ဖော်ပြထားသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News