International News

ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ပူးတွဲ ဆုံးဖြတ်ချက်အရ ဧပြီလ ၄ ရက်နေ့၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

RON 95-III ဓာတ်ဆီ လက်လီဈေးသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၄,၈၀၀ ခန့် ရှိပြီး လက်လီဈေးမှာ ဗီယက်နမ်ဒေါင် ၁၀ သို့ လျော့သွားသည်။ E5 RON 92 ဓာတ်ဆီသည် တစ်လီတာလျှင် ၂၃,၉၁၀ သို့ တိုးမြှင့်လာပြီး တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၉၀ မြင့်တက်ခဲ့သည်။

အခြားစက်သုံးဆီ အမျိုးအစားများမှာလည်း စျေးနှုန်းမြင့်တက်လျက်ရှိသည်။ ဒီဇယ်တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၀,၉၈၀ သို့ ပြန်လည်ပြင်ဆင်ခဲ့ပြီး ဗီယက်နမ်ဒေါင် ၂၉၀ မြင့်တက်ပြီး ရေနံဆီတစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၁,၀၀၀ ဖြင့် ရောင်းချခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၄၀ မြင့်တက်လာခဲ့သည်။

အကြီးစားလောင်စာဆီသည်တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်၁၅၀ မြင့်တက်ပြီး ဗီယက်နမ်ဒေါင် ၁၇,၂၉၀ ဖြင့်ရောင်းချလျက်ရှိသည်။ ယခုအခါ အကြီးစားလောင်စာဆီအတွက် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၃၀၀ အပို ကောက်ခံကြောင်း သိရှိရပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News