International News

ပြည်တွင်းစုစုပေါင်း ထုတ်ကုန်သည် ပထမသုံးလတွင် ၅.၆၆ ရာခိုင်နှုန်းတိုးလာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ပထမသုံးလတွင် သိသိသာသာ တိုးတက်ခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅.၆၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၀ ခုနှစ် နောက်ပိုင်း ပထမသုံးလပတ်အတွက် အမြင့်ဆုံး တိုးတက်မှုဖြစ်ကြောင်း အထွေထွေစာရင်းရုံးမှ မတ်လ ၂၉ ရက်က ဟနွိုင်း၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းရုံး၏ အဆိုအရ ပထမသုံးလပတ်အတွင်း စိုက်ပျိုးရေး-သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍသည် ၂.၉၈ ရာခိုင်နှုန်း၊ စက်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၆.၁၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ပထမသုံးလပတ်အတွင်း GDP တိုးတက်မှုအနေဖြင့် စိုက်ပျိုး ရေး၊ သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍမှ ၆.၀၉ ရာခိုင်နှုန်း၊ စက်မှုနှင့် ဆောက်လုပ်ရေး ၄၁.၄၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ၆.၆၉ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး ပထမသုံးလပတ်အတွင်း အလုံးစုံ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးခဲ့သည်။

ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းရုံး၏ (GSO) အထွေထွေညွှန်ကြားရေးမှူး Nguyen Thi Huong ကအစိုးရ၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာကဏ္ဍများနှင့် ဒေသများရှိ စီမံခန့်ခွဲမှုမူဝါဒများ၏ ထိရောက်မှု ထင်ဟပ်စေခဲ့ကြောင်းနှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများအကြားတွင် အပြုသဘောဆောင်သော အကျိုးကျေးဇူးအတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။

အဆိုပါ သုံးလပတ်အတွင်း စီးပွားရေးဖွဲ့စည်းပုံအရ စိုက်ပျိုးရေး-သစ်တောနှင့် ငါးလုပ်ငန်း ကဏ္ဍမှ ၁၁.၇၇ ရာခိုင်နှုန်း၊ စက်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍမှ ၃၅.၇၃ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍမှ ၄၃.၄၈ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။

GDP သည် တစ်နှစ်ထက်တစ်နှစ် ၄.၉၃ ရာခိုင်နှုန်းနှင့် ၄.၆၉ ရာခိုင်နှုန်း တိုးလာပြီး စုစုပေါင်းတိုးတက်မှုနှုန်းမှာ ၅၆.၇၇ ရာခိုင်နှုန်းနှင့် ၂၄.၀၇ ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း သိရှိရပါ သည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့မှုမှာ ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့် ၁၇.၀၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်သွယ်မှုပို‌ငွေ ၁၉.၁၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News