International News

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် စျေးနှုန်းမြင့်တက်မှုကြောင့် အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံအထိ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၆ လအတွင်း ကော်ဖီတန်ချိန် ၉၀၂,၀၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန (MARD) ၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။

ကိန်းဂဏန်းများသည် တစ်နှစ်ထက်တစ်နှစ် ပမာဏ ၁၀.၆ ရာခိုင်နှုန်း ကျဆင်းလာသော် လည်း ကော်ဖီပို့ကုန်စျေးနှုန်းများ တိုးလာခြင်းကြောင့် တန်ဖိုး ၃၄.၅ ရာခိုင်နှုန်း မြင့်တက်လာသည်။

ဇွန်လတွင် ကော်ဖီတင်ပို့မှု စျေးနှုန်းသည် ၅၀ ရာခိုင်နှုန်းကျော် သိသိသာသာ တိုးလာပြီးနောက် ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့သည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ကော်ဖီတင်ပို့မှု ပျမ်းမျှ စျေးနှုန်းသည် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၃,၅၅၀ စံချိန်တင်ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်ကော်ဖီကိုကိုးအသင်း (Vicofa) ဥက္ကဋ္ဌ ငုယင်နမ်ဟိုင်က ကမ္ဘာတစ်ဝှမ်းရှိ ရာသီဥတု ဖောက်ပြန်မှု၏ အကျိုးသက်ရောက်မှုများကြောင့် ကော်ဖီအရောင်းကျဆင်းကာ ကမ္ဘာတစ်ဝှမ်းရှိ ကော်ဖီဈေးနှုန်းများ စံချိန်တင်မြင့်မားလာသည်ဟု ပြောကြားခဲ့သည်။

ဗီယက်နမ်ကော်ဖီတင်ပို့မှုတန်ဖိုးသည် ယခုနှစ်အတွင်း စံချိန်တင်ဒေါ်လာ ၆ ဘီလီယံအထိ ရောက်ရှိနိုင်သည်ဟု MARD က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

 Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News