International News

ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စက်သုံးဆီဈေးနှုန်းသည် ၄ ပတ်တိတိ ဆက်တိုက်မြင့်တက်ခဲ့ပြီး RON95 စက်သုံးဆီသည် ၂.၃၅ ရာခိုင်နှုန်း တက်လာပြီး တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၃,၅၅၀ ဖြင့် ရောင်းချလျက်ရှိပါသည်။

E5 RON92 ဆီ ဈေးနှုန်းသည် ဗီယက်နမ်ဒေါင် ၂၂,၄၆၀ ဖြင့် ရောင်းချလျက်ရှိပြီး ၂.၀၅ ရာခိုင် နှုန်း မြင့်တက်ခဲ့ပါသည်။ ဒီဇယ်ဆီ ဈေးနှုန်းမှာ ၂.၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဗီယက်နမ်ဒေါင် ၂၁,၁၇၀ ဖြင့် ရောင်းချလျက်ရှိပါသည်။

အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း၊ ယူကရိန်းသည် ရုရှား၏ ရေနံချက် စက်ရုံများကို တိုက်ခိုက်ခဲ့ခြင်းများကြောင့် ရေနံရရှိမှု ပမာဏလျော့ကျလာခြင်း၊ အမေရိကန်တွင် လောင်စာဆီ ဝယ်လိုအား တိုးလာခြင်းတို့သည် စက်သုံးဆီဈေးနှုန်း အတက် အကျများ  ဖြစ်ပေါ်စေကြောင်းကိုးကား ဖော်ပြထားပါသည်။

အဆိုပါကာလအတွင်း ဓါတ်ဆီ ၂.၈ မှ ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး RON95 ဈေးနှုန်းသည် ယခုအခါ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၈.၂ နှင့် ဒီဇယ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၀၂.၆ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Express International

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News