ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန်ရည် ရွယ်၍ ထိုင်း-ကမ္ဘောဒီးယား မိတ်ဖက်တံတား အမြဲတမ်းစစ်ဆေးဂိတ်သစ်ကို Sa Kaeo ပြည်နယ်တွင် ဖွင့်လှစ်ခဲ့ပြီး Si Sa Ket ပြည်နယ်ရှိ Chong Sa-ngam စစ်ဆေးရေးဂိတ်၏ စစ်ဆေးသည့် အချိန်ကိုလည်း တိုးမြှင့်လိုက်ကြောင်း သိရှိရပါသည်။
ထိုင်း-ကမ္ဘောဒီးယား မိတ်ဖက်တံတား အမြဲတမ်းစစ်ဆေးဂိတ်ကို နေ့စဉ် နံနက် ၆ မှ ည ၁၀ နာရီဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်အသစ်သည် Ban Khlong Luek စစ်ဆေးရေးဂိတ်အနီး ပိတ်ဆို့နေမှုများကို လျော့ပါးသက်သာစေနိုင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်ပေးရန် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း၊ Phu Sing ခရိုင် Chong Sa-ngam အမြဲတမ်းစစ်ဆေးရေးဂိတ်၏ စစ်ဆေးသည့်အချိန်ကို ၂ နာရီတိုးမြှင့်လိုက်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။