International News

ဗီယက်နမ်နိုင်ငံ ကွမ်နင်းပြည်နယ်တွင် ပြီးခဲ့သည့် ၅ ရက်တာအားလပ်ရက်အတွင်း ခရီးသွား ဧည့်သည် ၁ သန်းကျော်ကို ကြိုဆိုခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ပြီးခဲ့သည့် ၅ ရက်တာအားလပ်ရက်အတွင်း အရှေ့မြောက်ပိုင်းပြည်နယ် ကွမ်နင်းသို့ လာရောက်လည်ပတ်သူဦးရေ ၁ သန်းကျော်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါကာလအတွင်း ခရီးသွားများထံမှ ဗီယက်နမ်ဒေါင် ၂.၂၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၇ သန်း) ရရှိခဲ့ကြောင်း သိရှိရပါသည်။

ပြည်နယ်၏ ခရီးသွားလာရေးဌာန၏ အဆိုအရ အဆိုပါကာလအတွင်း နိုင်ငံတကာ ခရီးသွား ၉၂,၇၆၈ ဦးကို ဆွဲဆောင်ခဲ့ပြီး အများစုမှာ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယ၊ ပြင်သစ်နှင့် သြစတြေးလျတို့မှဖြစ်ကြောင်း သိရှိရပါသည်။

UNESCO အသိအမှတ်ပြု ကမ္ဘာ့သဘာဝ အမွေအနှစ်ဖြစ်သည့် ဟာလောင်း ပင်လယ်အော်သို့ နိုင်ငံခြားသား ၂၆,၅၂၆ ဦး အပါအဝင် လာရောက်လည်ပတ်သူ ၈၄,၇၀၀ ကျော်ရှိခဲ့ကြောင်း၊ ဟာလောင်းပင်လယ်အော်သည် ပြည်နယ်သို့ လာရောက်လည်ပတ်ရန် ရေပန်းစားသော ခရီးသွားဆွဲဆောင်မှု တစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ အဆိုပါကာလအတွင်း ပြည်နယ်ရှိ မိုင်းကိုင်မြို့သို့ ဧည့်သည် ၁၆၈,၀၀၀ နှင့် ညအိပ်ခရီးသွား ၅၀,၀၀၀ ခန့်ရှိခဲ့ကြောင်း သိရှိရပါသည်။

မိုင်းကိုင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှ လူပေါင်း ၁၀၁,၅၀၀ ကျော် လာရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက မြို့တွင်းနေရာအများအပြားသို့ လာရောက်လည်ပတ်သူ ဦးရေသည် ၂ ဆမှ ၃ ဆအထိ တိုးမြင့်လာခဲ့ကြောင်း၊ ကွမ်နင်းသည် ယခုနှစ်အတွင်း နိုင်ငံ တကာ ခရီးသွား ၃ သန်းအပါအဝင် ခရီးသွား ၁၇ သန်းကျော်ကို ဆွဲဆောင်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

 

 

Source: Viet Nam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News