International News

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် လေးလအတွင်း အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ အထိ ရောက်ရှိ

Last Updated:

ယခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်၏ သွင်းကုန်၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၂၃၈ ဒဿမ ၈၈ ဘီလီယံရှိပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၄ ဘီလီယံအထိ ရှိလာ ကြောင်းနှင့် ယခင်နှစ် အလားတူကာလက စံချိန်တင်ခဲ့သည့် အမေရိကန်ဒေါ်လာ ၇.၆၆ ဘီလီယံထက် ပိုများကြောင်း အထွေထွေစာရင်းအင်းရုံး (GSO) ၏ အဆိုအရ သိရှိရပါသည်။

ဧပြီလတွင် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀ ဒဿမ ၉၄ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလထက် ၁၀.၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ယခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၂၃ ဒဿမ ၆၄ ဘီလီယံ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းကဏ္ဍမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ ဒဿမ ၆၂ ဘီလီယံနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၀ ဒဿမ ၀၂ ဘီလီယံတို့ ပါဝင်ခဲ့ကြောင်း၊ ပြုပြင်ပြီး ထုတ်ကုန်များ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၈ ဒဿမ ၂၇ ဘီလီယံ ခန့်မှန်းထားကြောင်း၊ အမေရိကန်နိုင်ငံသည် ဗီယက်နမ်၏ ဝင်ငွေဒေါ်လာ ၃၄ ဒဿမ ၁ ဘီလီယံဖြင့် အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး တရုတ်က ဒေါ်လာ ၁၈ ဘီလီယံနှင့် အီးယူက ဒေါ်လာ ၁၆ ဒဿမ ၄ ဘီလီယံရှိကြောင်း သိရှိရပါသည်။

ဧပြီလတွင် ဗီယက်နမ်မှ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀ ဒဿမ ၂၆ ဘီလီယံ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၉.၉ ရာခိုင်နှုန်း တိုးမြင့်လာကာ ဇန်နဝါရီမှ ဧပြီလအတွင်း စုစုပေါင်းသွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၁၅.၂၄ ဘီလီယံ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလား တူကာလထက် ၁၅ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းကဏ္ဍမှ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄၁.၈၆ ဘီလီယံရှိပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၇၃.၃၈ ဘီလီယံဖြစ်ကြောင်း၊ ထုတ်လုပ်မှုပစ္စည်းများ သည် လေးလတာကာလအတွင်း အဓိက တင်သွင်းမှုဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀၈.၃၃ ဘီလီယံ ရှိပြီး စုစုပေါင်း တင်သွင်းမှု၏ ၉၄ ရာခိုင်နှုန်း ရှိသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးမားဆုံး သွင်းကုန်ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၄၁ ဒဿမ ၆ ဘီလီယံဖြင့် ရပ်တည်နေပြီး ကိုရီးယားသမ္မတနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၁ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ဗီယက်နမ်သည် အဆိုပါကာလအတွင်း အာဆီယံနိုင်ငံများမှ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၅.၆ ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်း အထွေထွေစာရင်းရုံးမှ ဖော်ပြခဲ့ပြီး ဧပြီလတွင် ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၀.၆၈ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News