International News

အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းရှင်များကို ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေအရ အကူအညီပေးရန် ထုတ်ပြန်

Last Updated:

အမေရိကန်အစိုးရအနေဖြင့် ခွဲခြားဆက်ဆံခြင်းခံရသည့် ကုန်ထုတ်လုပ်ငန်းရှင်များကို ငွေကြေး ဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ (Inflation Reduction Act) အရ အကူအညီပေးသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ၃၁-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ၏ လယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင် များသည် အမေရိကန်နိုင်ငံသားများအတွက် အစားအစာထုတ်လုပ်ရန် တစ်နေ့ပတ်လုံး အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ သို့ရာတွင် ၎င်းတို့အနေဖြင့် လယ်ယာကဏ္ဍချေးငွေရရှိရေး အစီ အစဉ်များတွင် ကာလကြာရှည်စွာ ခွဲခြားဆက်ဆံခြင်းခံနေကြရပြီး ဖက်ဒရယ်အစိုးရမှ ထောက်ပံ့ပေးသည့် အရင်းအမြစ်များနှင့် အထောက်အပံ့များ ရရှိရန်အတွက်လည်း အလားတူကြုံတွေ့ရလျက်ရှိကြောင်း၊ သမ္မတဂျိုးဘိုင်ဒင် အစိုးရတာဝန်ယူသည့်အချိန်မှစ၍ ယင်းမညီမျှမှုကို ဖော်ထုတ်ပြောကြားခဲ့ပြီး ယနေ့တွင် ယင်းမညီမျှမှုကို တိုက်ဖျက်ရန် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေအရ လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍရှိ ခွဲခြားဆက်ဆံမှုကို ထိရောက်စွာ ဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့အရေးယူဆောင်ရွက်မှုကြောင့် လယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏မိသားစုကို ပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News