International News

အမေရိကန်-ဂျပန်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ကျင်းပခဲ့

Last Updated:

ပဉ္စမအကြိမ်မြောက် အမေရိကန်-ဂျပန် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်း အဝေး (5th Round of Meetings under the U.S.-Japan Partnership on Trade) ကို ၂၉-၇-၂၀၂၄ ရက်မှ ၃၀-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအစည်း အဝေးတွင် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ကဏ္ဍ၌ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး (Digital trade) ကဏ္ဍ ကောင်းမွန်သော ဝန်းကျင်တစ်ရပ်တည်ဆောက်နိုင်ရေး အမြင်ချင်းဖလှယ်ခြင်း၊ အရေးကြီးသည့် တွင်းထွက်သတ္တုများ သဘော တူစာချုပ် (U.S.-Japan Critical Minerals Agreement, CMA) အောက်၌ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို သုံးသပ်ခြင်း၊ တတိယအဖွဲ့အစည်းများ(Third Party issues) ကဏ္ဍတွင် အခြားတတိယနိုင်ငံများနှင့် ချုပ်ဆိုထားသည့် စာချုပ်အချက် အလက်များကို ဖလှယ်ခြင်း၊ တတိယနိုင်ငံများ၏ Non-market မူဝါဒများနှင့် အလေ့အကျင့်များကြောင့် ဖြစ်ပေါ်လာသည့် ဘုံစိန်ခေါ်မှုများကို ဖော်ထုတ်လျက် အစီအစဉ်များရေးဆွဲ၍ ထိခိုက်မှုများကိုတုံ့ပြန်ရန် ဝေမျှခြင်းနှင့် အလုပ်သမား (Labor) ကဏ္ဍနှင့် ပတ်သက်၍ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် (Supply chain) ရှိ လူ့အခွင့်အရေးနှင့် နိုင်ငံတကာအလုပ်သမားအခွင့်အရေးကို မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အောက်၌ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်ဖြစ်ပေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။   

ထို့အပြင် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပွင့်လင်း မြင်သာမှုရှိခြင်း၊ အချို့သောထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် မျှတသောဝန်းကျင်တစ်ရပ် ဖြစ်‌ပေါ်လာစေရေးနှင့် အီသနောအခြေခံ လောင်စာဆီများ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့အပါအဝင် ကုန်သွယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Partnership on Trade) ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေး ပြဿနာများကို ဖော်ထုတ်ဆွေးနွေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

                                                                                                                                                                    

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News