International News

တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီးပို့ကုန်လွှမ်းမိုးထားနိုင်မှုသည် ဗီယက်နမ်ဒူးရင်းသီး၏ ခြိမ်းခြောက်မှုခံနေရ

Last Updated:

တရုတ်နိုင်ငံသို့ ထိပ်တန်းဒူးရင်းသီးတင်ပို့နေသူဖြစ်သည့် ထိုင်းနိုင်ငံသည် အန္တရာယ်အခြေ အနေတွင် ကြုံတွေ့နေရကြောင်း စင်ဟွာသတင်းအေဂျင်စီက ထုတ်ပြန်ထားကြောင်း သိရှိရပါ သည်။

ယခုနှစ် ပထမလပတ်အတွင်း တရုတ်နိုင်ငံ၏ အဓိက ကုန်းလမ်းစစ်ဆေးရေးဂိတ်ဖြစ်သော ယူယိဂွမ်ကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု ၄၈,၀၀၀ တန်ရှိပါကြောင်း၊  ၃၅,၀၀၀ တန်မှာ ဗီယက်နမ်မှဖြစ်ပြီး ၁၃,၀၀၀ တန်မှာ ထိုင်းမှဖြစ်ကြောင်း၊ ဗီယက်နမ်၏ တင်ပို့မှုသည် ၄၈.၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုင်းတင်ပို့မှုသည် ၅၉.၅ ရာခိုင်နှုန်း ကျဆင်းသွားပါကြောင်း၊ ထိုင်းနိုင်ငံ၏ တင်ပို့မှုကျဆင်းရခြင်းမှာ မိုးခေါင်မှုနှင့် အပူချိန်ကြောင့် ထုတ်လုပ်မှု ကျဆင်းသွားခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် လတ်ဆတ်ဒူးရင်းသီး ၉၂၈,၆၄၄ တန်ကို ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ပြီး ဗီယက်နမ်မှ ၄၉၂,၁၁၁ တန်နှင့် ဖိလစ်ပိုင်မှ ၃,၇၇၀ တန် တင်သွင်းခဲ့ကြောင်း စင်ဟွာ၏ ထုတ်ပြန်ထားမှုအရ သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့နှင့် ယှဉ်ပြိုင်ကြုံတွေ့နေရပါကြောင်း၊ ၂၀၂၃ မတိုင်မီကာလများက တရုတ်နိုင်ငံသည် ဒူးရင်းသီးကို ထိုင်းနိုင်ငံတစ်ခုတည်းမှသာ တင်သွင်းခဲ့သော် လည်း နောက်ပိုင်းတွင် စားသုံးသူများ၏ ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ရနိုင်သည့် ရင်းမြစ်ကို ခွဲခြားခဲ့ရကြောင်း၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ တင်သွင်းမှုအခြေအနေနှင့် စပ်လျဉ်း၍ တင်သွင်းသူများ၏ ပြောကြားချက်အရ ဗီယက်နမ်သည် အကွာအဝေး ပိုမိုတိုတောင်းပြီး ကုန်ကျစရိတ်နည်းသဖြင့် ထိုင်းနိုင်ငံထက် အကျိုးပိုများပါကြောင်း၊ ထိုင်းနိုင်ငံသည် ၎င်း၏ ဈေးကွက်ဝေစုကို ၂၀၂၂ ခုနှစ်ကတည်းကပင် လျော့နည်းလာခဲ့ပါကြောင်း ဒူးရင်းသီးတင်သွင်းသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံက ၎င်း၏ယှဉ်ပြိုင်မှုကို ထိန်းထားရန် တင်းကျပ်သော အရည်အသွေးထိန်းချုပ်မှု အစီအမံများ ချမှတ်ခြင်းဖြင့် ပိုမိုအားထုတ်သင့်ကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးများ၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်သင့်ကြောင်း အစီရင်ခံစာက ဖော်ပြထား ပါသည်။

တရုတ်နိုင်ငံသည် လတ်ဆတ်ဒူးရင်းသီးများကို ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် ၃ နိုင်ငံကိုသာ တင်သွင်းခွင့်ပေးထားပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဈေးကွက်ဝေစု၏ ၉၅ ရာခိုင် နှုန်းကျော် ရရှိထားပါကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီး တင်သွင်းမှုကို ဩဂုတ်လမှသာ စတင်စေခဲ့ပါကြောင်း၊ ဖိလစ်ပိုင်သည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် စတင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အရာရှိ၏ ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် မိုးခေါင်မှုနှင့် အပူချိန်မြင့်မားမှုတို့ကြောင့် ဒူးရင်းသီးများ၏ အပွင့်များ ကြွေကျသဖြင့် အထွက်နှုန်းလျော့နည်းလာလျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ခရီးလမ်းတိုတောင်းမှုနှင့် ကုန်ကျစရိတ်နည်းပါးမှုစသည် အားသာချက်များရှိပြီးယခုနှစ် ပထမလပတ်မှာပင် တင်ပို့မှု ၄၈.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သုံးသပ်ရရှိပါသည်။ ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ဒူးရင်းသီးနှင့် စပ်လျဉ်းသည့် အရည်အသွေး ထိန်းချုပ်သောအစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ လတ်တလော တွင် ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ လတ်ဆတ်ဒူးရင်းသီးပို့ကုန်အတွက် ဗီယက်နမ်သည် အဓိက ပြိုင်ဘက်တစ်ခုဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News