International News

ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းသည် ကပ်ရောဂါအကြိုအဆင့်ကို ကျော်လွန်ကာ သိသိသာသာမြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ အမျိုးသားခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး (VNAT) ၏ စာရင်းဇယားများအရ ဧပြီလတစ်လတည်းတွင် ပြည်ပမှခရီးသွားဧည့်သည် ဝင်ရောက်မှု ၁.၆ သန်းနီးပါး ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၈.၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ ယခုနှစ် ပထမလေးလအတွင်း ပြည်ပမှ လာရောက်လည်ပတ်သူ စုစုပေါင်း ၆.၂ သန်းအထိ တိုးမြင့်ရရှိခဲ့ကြောင်း၊ နှစ်စဉ်တိုးတက်မှုအနေဖြင့် ၆၈.၃ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ အဆိုပါ အရေ အတွက်သည် ကပ်ရောဂါမဖြစ်ပွားမီ ခရီးသွားလုပ်ငန်း၏ “ရွှေခေတ်” ကာလအတွင်း မှတ်တမ်းတင်ထားသည့် ပမာဏထက် ကျော်လွန်သွားခဲ့ကြောင်း ဖော်ပြထားပါသည်။

ခရီးသွားလာမှု ပိုမိုများပြားလာသဖြင့် ခရီးသွားလုပ်ငန်းသည် အပြုသဘောဆောင်သော လမ်းကြောင်းမှာ ဆက်လက်တည်ရှိနေကြောင်း၊ တည်းခိုရေးနှင့် စားသောက်ရေး ဝန်ဆောင်မှုများမှရရှိသည့် ၀င်ငွေမှာ ဗီယက်နမ်ဒေါင် ၂၃၇.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၈၈ ဘီလီယံ) ဖြင့် ၁၅.၃ % တက်လာပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် ၄၉.၃ % ဗီယက်နမ်ဒေါင် ၁၉.၄ ထရီလီယံအထိ တိုးမြင့်လာကြောင်း သိရှိရပါသည်။

လာရောက်လည်ပတ်သူများအနေဖြင့် အာရှမှ လာရောက်လည်ပတ်သူဦးရေ ၇၇.၂ % တိုးလာခဲ့ပြီး ဥရောပမှ ၆၃.၈ % တိုးလာခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံး ခရီးသွားဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကာ ဧည့်သည် ၁.၆ သန်း သို့မဟုတ် စုစုပေါင်း ၏ ၂၅.၈ ရာခိုင်နှုန်းလာရောက်ခဲ့သည်။ အမေရိကန်၊ ထိုင်ဝမ် (တရုတ်) နှင့် ဂျပန်တို့ကဲ့သို့ အခြားသော အဓိကစျေးကွက်များသည် သိသိသာသာ တိုးတက်မှုကို ပြသခဲ့ကြောင်း သိရှိရပါ သည်။

UK ကဲ့သို့ အဓိကစျေးကွက်များမှ ဝင်ရောက်မှုသည် ၃၅.၂ ရာခိုင်နှုန်း၊ ပြင်သစ် ၄၁.၇၊ ဂျာမဏီ ၃၆.၉ ရာခိုင်နှုန်း၊ အီတလီ ၇၇.၄၊ စပိန် ၄၈.၅ ရာခိုင်နှုန်းနှင့် ရုရှား ၇၄ ရာခိုင်နှုန်း တို့ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ဟနွိုင်းနှင့် ဟိုချီမင်းမြို့တို့သည် အဓိက ခရီးသွားနေရာများအဖြစ် တည်ရှိနေခဲ့ပြီး တစ်မြို့ချင်းစီတွင် ပထမလေးလအတွင်း နိုင်ငံခြားခရီးသွား ၁.၄ သန်းခန့်ကို ကြိုဆိုခဲ့ကြကြောင်း၊ ၎င်းသည် နှစ်စဉ် ၄၀% နှင့် ၃၂.၄% အသီးသီး တိုးလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

VNAT ဥက္ကဋ္ဌဖြစ်သူ Nguyen Trung Khanh က နိုင်ငံတကာမှ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အကျုံးဝင်သည့် ဗီဇာမူဝါဒသစ်၏ အောင်မြင်မှုကို တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံတကာမှ ဝင်ရောက်လာသူ တိုးတက်မှုအတွက် အဓိကကျသော အချက်ဖြစ်သည်ဟု ယူဆပါကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်အစတွင် လာရောက်လည်ပတ်သူ မြင့်မားလာမှုကြောင့် ပြည်တွင်းဈေးကွက်တွင် ခရီး သွားကျဆင်းမှုနှင့် ရင်ဆိုင်နေရသော လေကြောင်းလုပ်ငန်းအတွက် တွန်းအားတစ်ခုဖြစ်ခဲ့ပြီး ပြည်ပခရီးသွားဧည့်သည် ၁၇-၁၈ သန်းကို ကြိုဆိုရန် ရည်မှန်းချက်ရောက်ရှိအောင် တွန်းပို့ခဲ့သည်။

ဗီယက်နမ်လေဆိပ်များကော်ပိုရေးရှင်း (ACV) ၏အဆိုအရ နိုင်ငံခြားခရီးသွား ၄၅ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်းနှင့် နိုင်ငံတကာ ကုန်တင်ကုန်ချ ပမာဏသည်လည်း တန်ချိန် ၁၄၀၀၀ ခန့်အထိ ၇.၆ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

Sun Group ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Dang Minh Truong က သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်တို့ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများမှ နိုင်ငံသားများ၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် အရှေ့အလယ် ပိုင်းနိုင်ငံအချို့ကိုလည်း ဗီဇာကင်းလွတ်ခွင့်များ တိုးချဲ့ပေးရန် အကြံပြုခဲ့သည်။

တရုတ်၊ အိန္ဒိယနှင့် ထိုင်ဝမ် (တရုတ်) ကဲ့သို့သော အလားအလာရှိသော စျေးကွက်များမှ ခရီး သွားများအတွက် ၆ လမှ ၁ နှစ်အထိ ကာလတို ဗီဇာကင်းလွတ်ခွင့်ကို စမ်းသပ်လုပ်ဆောင်ရန် လည်း ၎င်းကအကြံပြုခဲ့သည်။ အဆိုပါ အဆိုပြုချက်များသည် ခရီးသွားလုပ်ငန်း တိုးတက်မှု အတွက် အထောက်အကူပြုစေနိုင်မည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းခရီးသွား နေရာတစ်ခုအဖြစ် ရပ်တည်ချက်ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source: Viet Nam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News