International News

ဗီယက်နမ်နိုင်ငံမှ ကြာရိုးများ ဂျပန်နိုင်ငံသို့ ပထမအသုတ် တင်ပို့

Last Updated:

ဗီယက်နမ်နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ Dong Thap ပြည်နယ်ရှိ အေးခဲထားသော ကြာရိုး ၁၅ တန် တန်ဖိုးအားဖြင့် ဗီယက်နမ်ဒေါင် ၉၈၀ သန်းဖိုးကို မေလ ၇ ရက်နေ့က ဂျပန်နိုင်ငံသို့ တင်ပို့ ခဲ့ပါသည်။ ကမ္ဘာ့ဝယ်လိုအားရှိသည့် ဈေးကွက်တစ်ခုဖြစ်သည့် ဂျပန်ဈေးကွက်သို့ ယခုကဲ့သို့ စတင်ပို့နိုင်မှုသည် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် ကြာပန်းတင်ပို့သည့်ကုမ္ပဏီဖြစ်သည့် Dai Viet Lotus Foods JSC သည်အာရှဈေးကွက်သို့ စုစုပေါင်း အမှာစာတန်ဖိုး ဗီယက်နမ်ဒေါင် ၇ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၂၇၆,၄၆၀) ရှိသည့် ကြာရိုးများ ကွန်တိန်နာရှစ်လုံးခန့် တင်ပို့ရန် စီစဉ်ထားကြောင်း သိရှိရပါ သည်။

ဂျပန်သို့ ကြာပန်းများ တင်ပို့ခြင်းအပြင် ကုမ္ပဏီသည် အဆိုပါ ထုတ်ကုန်ကို တင်ပို့ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံရှိ မိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Lotus သည် Dong Thap ပြည်နယ်၏ စိုက်ပျိုးရေးပြန်လည်ဖွဲ့စည်းမှုအစီအစဉ်တွင် အဓိက ကဏ္ဍတစ်ခုအဖြစ်ပါဝင်ပြီး တစ်နှစ်လျှင်အော်ဂဲနစ်ကြာပန်း ဟက်တာ ၁၀၀ အပါအဝင်ကြာပန်း စိုက်ဧရိယာ ဟက်တာ ၁,၈၀၀ ကျော်ရှိကာ တစ်နှစ်လျှင် ထုတ်ကုန်တန်ချိန် ၁,၅၀၀ ကျော်ထွက်ရှိကြောင်း သိရှိရပါသည်။

Dong Thap ပြည်နယ်ရှိ Thap Muoi ခရိုင်သည် ကြာပန်းစိုက်ဧရိယာ စုစုပေါင်း၏ ၃၀ ရာခိုင် နှုန်းကျော်ရှိပြီး စာရင်းအင်းများအရ ဂျပန်သည် တစ်နှစ်လျှင် ကြာရိုးတစ်သိန်းခန့် စားသုံးနေပြီး တရုတ်သည် တန်ချိန်နှစ်သန်း လိုအပ်ကြောင်း သိရှိရပါသည်။

ကြာပန်းများ၏တန်ဖိုးကို မြှင့်တင်ရန်နှင့် ခရီးသွားများကို ဆွဲဆောင်ရန်အတွက် Dong Thap မြို့တော်၊ Cao Lanh မြို့တွင် ဒုတိယအကြိမ်မြောက် ကြာပန်းပွဲတော်ကို မေလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: https://en.baochinhphu.vn

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News