International News

ဖိလစ်ပိုင်နိုင်ငံအား ကမ္ဘာ့နံပတ်(၁) အုန်းသီး (coconut) တင်ပို့သည့်နိုင်ငံဖြစ်စေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတမားကို့စ် ပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံအား ကမ္ဘာ့နံပါတ် ၁ အုန်းသီးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်စေရန်အတွက် ကြီးမားသော အခွင့်အရေးများရရှိစေရန် ရည်ရွယ်ပြီး အုန်းသီးပင်ပေါင်း သန်း ၁၀၀ အား စိုက်ပျိုးရန် Philippines Cocount Authority သို့ လိုအပ်သည်များအား အစိုးရမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

၈-၄-၂၀၂၄ ရက်နေ့က သမ္မတနန်းတော်၌ သမ္မတမားကို့စ်နှင့် Private Sector Advisory Council-Agriculture Sector Group (PSAC-ASG) တို့ တွေ့ဆုံရာတွင် ဖိလစ်ပိုင်အုန်းသီး ကဏ္ဍနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများဆိုင်ရာ ကိစ္စတို့အား ဆွေးနွေးခဲ့ပါသည်။ PSAC-ASG အဖွဲ့ဝင်များမှ အုန်းသီးအထွက်တိုးရန်အတွက် အုန်းသီးပင် အမြောက်အများစိုက်ပျိုးသည့် အစီအစဉ်အား ဆောင်ရွက်သွားရန်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် အကြံပြုတင်ပြခဲ့ပါသည်။

အဆိုပါအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် လိုအပ်သော ငွေကြေးအထောက်အပံ့အား Philippines Coconut Authorities သို့ ပေးအပ်သွားရန်နှင့် အုန်းသီးမှထွက်ရှိသည့် အစိတ်အပိုင်းအားလုံးသည် သုံးစွဲရန်နှင့် ရောင်းချရန်တို့အတွက် အသုံး ဝင်သည့်အတွက်ဖြစ်ကြောင်း သမ္မတမှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး အုန်းသီးတင်ပို့သည့် နိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊ Marcos administration ၏ ညွှန်ကြားချက်နှင့်အညီ အုန်းပင် သန်း ၁၀၀ စိုက်ပျိုးရန်အတွက် ရန်ပုံငွေ လုံလောက်မှုမရှိသဖြင့် အဆိုပါ အခက်အခဲအား ဖြေရှင်းနိုင်ရန် အကြံပေးအဖွဲ့မှ အကြံပြုချက်ပေါင်းမြောက်များစွာအား ရယူခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီမှ coconut planting program အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်းပြမြေပုံအား ရေးဆွဲပြီး ပြည်တွင်းဆားလုပ်ငန်းရှင်များမှ အုန်းပင်စိုက်ပျိုးရန် လိုအပ်သည့် သဘာဝဓာတ်မြေဩဇာဖြစ်သည့် ဆားရောင်းချပေး၍ ကန်ထရိုက် လယ်ယာစိုက်ပျိုးနည်းစနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါသည်။

Philippines Salt Industry Act နှင့်အရ သက်ဆိုင်ရာဒေသအာဏာပိုင်များမှ ဆားထုတ်လုပ်ရန် သင့်တော်သည့် ဧရိယာများအား ဒေသခံများနှင့် ပူးပေါင်း၍ ရွေးချယ်သတ်မှတ်သွားရန် အကြံပြုတင်ပြခဲ့ပါသည်။ ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်များအရ အုန်းပင်များ စိုက်ပျိုးမည့် အစီအစဉ်အတွက် လိုအပ်သည့် ဓာတ်မြေဩဇာအတွက် ဘတ်ဂျက် ပီဆို ၂.၅ ဘီလီယံနှင့် ပြည်တွင်းဆားထုတ်လုပ်သည့်လုပ်ငန်းအတွက် ဘတ်ဂျတ်နှစ်ဆ တိုးမြှင့် ချထားပေးကြောင်း ဖော်ပြပါရှိပါသည်။ ထို့အတွက် ထုတ်လုပ်မှု ၂၅% တိုးလာနိုင်ပြီး တောင်သူ များအနေဖြင့် အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်အဖွဲ့များမှလည်း ဆားထုတ်လုပ်မည့်စံပြဒေသများအား တစ်ဆက်တည်း ရွေးချယ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနမှလည်း ဘိုင်အိုဒီဇယ်တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် Biodisel Act ပါအရ ရေးဆွဲထားသည့် လမ်းပြမြေပုံပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် National Biofuel Board (NBB) မှတဆင့် ၂၀၂၆ တွင် စွမ်းအားမြင့် ဇီဝလောင်စာအရော B2 မှ B5 သို့ အဆင့်မြှင့်တင်ထုတ်လုပ်သွားရန်နှင့် ကာဗွန်လျှော့ချရန်တို့ အတွက် လိုအပ်သည့် ဦးဆောင်ဆာကြူလာများ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ဇီဝလောင်စာ အရောအား ၂၀၂၄ ခုနှစ်တွင် ၁ % တိုးမြှင့်ထုတ်လုပ်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းစဉ်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လသို့ ရွှေ့ဆိုင်းခဲ့ကြောင်းလည်း ဖော်ပြပါရှိပါ သည်။

အစိုးရနှင့် အုန်းသီးလုပ်ငန်းကဏ္ဍ၏ ထုတ်ပြန်သည့် စာရင်းဇယားများအရ အုန်းသီးစိုက်ပျိုးထုတ်လုပ်နေသည့် ဖိလစ်ပိုင်နိုင်ငံ၏ ဒေသ ၄၆ ခုခန့်သည် အယ်နီညိုရာသီဥတု၏သက်ရောက်မှုကြောင့် ထိခိုက်ခဲ့ရပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသ (၁၀) ခုမှ အုန်းဆီထုတ်လုပ်သည့်စက်ရုံ (၆၂) ခု၏ ထုတ်လုပ်နိုင်စွမ်းအား မက်ထရစ်တန် ၃.၆၈၅ သန်း အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ထို့အတွက် ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့် Coconut Planting Program သည် ဖိလစ်ပိုင်အစိုးရ၏ ပြည်တွင်း အုန်းလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားမည့် အစီအစဉ်များထဲမှ အစီအစဉ်တစ်ခုဖြစ်ကြောင်း သုံးသပ်လေ့လာတင်ပြအပ်ပါသည်။

 

 

 

Source: https://pco.gov.ph/news_releases/pbbm-bullish-to-make-ph-no-1-coconut-exporting-country-in-the-world/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News