တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေ အရန်ငွေသည် နိုဝင်ဘာလကုန်တွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၃.၂၆၅၉ ထရီလီယံရှိခဲ့ကြောင်း၊ ယခင်လထက် ဒေါ်လာ ၄.၈ ဘီလီယံ (သို့မဟုတ်) ၀.၁၅ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်အချက်အလက်ဖော်ပြချက်များအရ သိရှိရပါသည်။
နိုင်ငံတော် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်ဒေါ်လာညွှန်း ကိန်းနှင့် ကမ္ဘာ့ဘဏ္ဍာရေးပိုင်ဆိုင်မှုစျေးနှုန်းများ ယခင်လတွင်မြင့်တက်ခဲ့ခြင်းကြောင့် အဓိကစီးပွား ရေးနှင့်သက်ဆိုင်သည့် ငွေကြေးဆိုင်ရာမူဝါဒများ၊ စျေးကွက်မျှော်မှန်းချက်များနှင့် မေခရိုစီးပွားရေး အချက်အလက်များသို့ သက်ရောက်မှုများရှိခဲ့ကြောင်း၊ ငွေကြေးလဲလှယ်ခြင်းနှင့် ပုံသေပိုင်ဆိုင်မှု စျေးနှုန်းပြောင်းလဲခြင်းကဲ့သို့သောအချက်များ၏ ပေါင်းစပ်သက်ရောက်မှုကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေမှာ တိုးတက်ခဲ့ကြောင်း၊ နိုင်ငံ့စီးပွားရေးပြန်လည်ဦးမော့မှုမှာ အရှိန်အဟုန်နှင့် မြင့်တက်လျက်ရှိပြီး စျေးကွက်ယုံကြည်ချက်မှာလည်း တိုးမြင့်ခဲ့သဖြင့် အဆိုပါအချက်များက နိုင်ငံ၏ နိုင်ငံခြားအရန်ငွေတည်ငြိမ်မှုအတိုင်းအတာကို ထိန်းသိမ်းရန် အထောက်အကူဖြစ်စေခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တရုတ်ပြည်သူ့ဘဏ်မှ ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ အရန်ရွှေသည် ယခင်လက ၇၂.၈ မီလီယံ အောင်စရှိခဲ့ရာမှ နိုဝင်ဘာလကုန်တွင် ၇၂.၉၆ မီလီယံ အောင်စအထိ တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။
Source: http://en.people.cn/n3/2024/1207/c90000-20251268.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ