International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စီးပွားရေးလုပ်ငန်းပေါင်း ၄၀၀ ကျော်က ကော်ဖီနှင့် လက်ဖက်ရည်ပြပွဲသို့ တက်ရောက်

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကော်ဖီ၊ လက်ဖက်ရည်နှင့် မုန့်ဖုတ်လုပ်ငန်းကဏ္ဍများ ပါဝင်သည့် ပြပွဲတစ်ခုဖြစ်သည့် The Cafe Show Vietnam ပြပွဲကို မေလ ၉ ရက်နေ့က ဗီယက်နမ် နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Vietnam Coffee – Cocoa Association နှင့် Buon Ma Thuot Coffee Association မှ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသော အဆိုပါပွဲကို Saigon Exhibition and Convention Center (SECC) တွင် မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ်ပြပွဲတွင် La Marzocco၊ Victoria Arduino၊ Nuova Simonelli၊ Rocket နှင့် Sanremo ကဲ့သို့သော ကမ္ဘာက အသိအမှတ်ပြု ကော်ဖီစက်အမှတ်တံဆိပ်များ အပါအဝင် ပြခန်းပေါင်း ၄၀၀ ကျော်မှ ဝင်ရောက်ပြသခဲ့ကြောင်း သိရှိရပါသည်။

Trung Nguyen၊ Simexco၊ Vinh Hiep၊ Phuc Sinh နှင့် Lien Viet ကဲ့သို့သော ဗီယက်နမ် ကော်ဖီကုမ္ပဏီများသည် ၎င်းတို့၏ အမှတ်တံဆိပ်တည်ရှိမှုကို ချဲ့ထွင်ရန်နှင့် ပြည်တွင်းရော နိုင်ငံတကာ၌ပါ မိတ်ဖက်များ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ခင်းကျင်းပြသလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါပြပွဲသည် ကော်ဖီထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ပိုမိုကျယ်ပြန့်သော အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းဆိုင်ရာ အသိအမြင်များ မျှဝေရန်အတွက်ရည်ရွယ်ပြီး ဤကဏ္ဍတွင်ပါဝင်သည့် ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အရေးပါသည့် ပလက် ဖောင်းတစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News