International News

ဗီယက်နမ်နိုင်ငံ ပြည်တွင်းစက်သုံးဆီဈေးများကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံ ပြည်တွင်းစက်သုံးဆီလက်လီဈေးနှုန်းများကို မေလ ၉ ရက်နေ့ ညနေ ၃ နာရီတွင် ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရပါသည်။

ဓာတ်ဆီဈေးနှုန်း တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၃,၅၄၀ ဖြင့်ရောင်းချလျက်ရှိပြီး ဗီယက်နမ်ဒေါင် ၁,၄၀၀ ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။ E5 RON 92 ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၂,၆၂၀ ဖြင့် ဗီယက်နမ်ဒေါင် ၁,၃၀၀ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။

ဒီဇယ်ဆီဈေးနှုန်းမှာ ဗီယက်နမ်ဒေါင် ၇၆၀ ခန့် ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၉,၈၄၀ ဖြင့် ရောင်းချလျက်ရှိပြီး ရေနံဆီတစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၈၄၀ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၉,၇၀၀ ဖြင့် ရောင်းချလျက်ရှိပါသည်။

အကြီးစားစက်သုံးဆီသည် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၇,၄၅၀ ရှိပြီး ဗီယက်နမ်ဒေါင် ၁၆၀ လျော့သွားပါသည်။

အဆိုပါ စက်သုံးဆီဈေးနှုန်း ပြုပြင်ပြောင်းလဲမှုအတွင်း ဝန်ကြီးဌာနနှစ်ခုသည် စက်သုံးဆီ အမျိုးအစားအားလုံးကို အပိုကောက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News