International News

ဗီယက်နမ်နိုင်ငံသည် ပထမ ၅ လအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ စံချိန်တင်ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမငါးလအတွင်း ဆန်တန်ချိန် ၄.၂ သန်းနီးပါး တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့်ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံခန့်ရှိကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရှိရပါ သည်။

ပို့ကုန်ဈေးသည် ပျမ်းမျှအားဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၃.၉ သို့ရောက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဗီယက်နမ်ဆန်ဝယ်လိုအားတိုးလာခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်စားနပ် ရိက္ခာအဖွဲ့ (VFA) ၏ အဆိုအရ သိရှိရပါသည်။

သို့ရာတွင် ဗီယက်နမ်ဆန်တင်ပို့မှု ဈေးနှုန်းမှာ တစ်တန်လျှင် ၅ ဒေါ်လာမှ ၈ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း VFA မှ သိရသည်။ ဗီယက်နမ်ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်မှုသည် တစ်တန်လျှင် ၈ ဒေါ်လာမှ ၅၇၄ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်မှုမှာ တစ်တန်လျှင် ၅ ဒေါ်လာမှ ၅၅၂ ဒေါ်လာအထိ လျော့ကျခဲ့သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်တင်ပို့မှုမှ ၀င်ငွေအမေရိကုန်ဒေါ်လာ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၃ ခုနှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ပိုများကြောင်း ဖော်ပြထားပါသည်။

 

 

Source : Vietnam Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News