International News

ဗီယက်နမ်နိုင်ငံ၏ အခွန်ရငွေသည် ပထမသုံးလပတ်အတွင်း ၁၁ ရာခိုင်နှုန်းတိုးလာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ယခုနှစ် ပထမသုံးလပတ်အတွက် အခွန်ရငွေသည် ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းနီးပါး တက်လာကြောင်း အခွန်ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရှိပါသည်။

ဇန်နဝါရီလမှ မတ်လအထိ အခွန်ရငွေသည် ယခုသုံးလပတ်အတွက် ခန့်မှန်းချက်ဖြစ်သည့် ၁၆.၉ ရာခိုင်နှုန်း ကျော်လွန်ကာ ဗီယက်နမ်ဒေါင် ၄၉၀.၂ ထရီလီယံနီးပါးအထိ ရရှိခဲ့ကြောင်း၊ အီလက်ထရွန်နစ် ငွေပေးချေမှုများမှတစ်ဆင့် ပြည်ပဝန်ဆောင်မှုများမှ ဗီယက်နမ်ဒေါင် ၂ ထရီလီယံကျော် ကောက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

ပြည်တွင်းမှ ကောက်ခံရရှိမှုသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်ထက် ၁၁.၅ ရာခိုင်နှုန်း တိုးလာပြီး ဗီယက်နမ်ဒေါင် ၄၇၄.၄ ထရီလီယံအထိ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

တန်ဖိုးဖြည့်ခွန် (VAT) ပြန်အမ်းမှုသည် ယခင်နှစ်ကိန်းဂဏန်းများထက် ၈ ရာခိုင်နှုန်း ပိုများခဲ့ပြီး စုစုပေါင်း ဗီယက်နမ်ဒေါင် ၃၁.၉ ထရီလီယံရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီဆိုင်ပေါင်း ၁၅,၉၃၁ ခုသည် အရောင်းအဝယ်အားလုံးအတွက် အီလက်ထရွန်းနစ် ငွေတောင်းခံလွှာကို စတင်ဆောင်ရွက်နေပြီး မတ်လ ၃၁ ရက်နေ့အထိ လက်လီစက်သုံးဆီဆိုင်အားလုံး၏ ၉၉.၉၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ အခွန်ဦးစီးဌာန၏ စာရင်းအင်းများအရ ပြည်တွင်းအခွန်ရုံး ၆၃ ခုအနက် ၃၉ ခုသည် ၎င်းတို့၏ ပထမသုံးလပတ် ဝင်ငွေလျာထားချက်ထက် ကျော်လွန်နေကြောင်း ဖော်ပြထားပါသည်။

 

 

Source : The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News