International News

အိန္ဒိယလေကြောင်းလိုင်း သည် နယူးဒေလီ- ဟိုချီမင်းမြို့ ခရီးစဉ်ကို ဇွန်လတွင် စတင်ပြေးဆွဲသွားမည်

Last Updated:

Air India သည် ဇွန် ၁ ရက်မှ စတင်ကာ နယူးဒေလီနှင့် ဟိုချီမင်းမြို့ကို စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အိန္ဒိယလေကြောင်းလိုင်းက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ကြောင်း VN Express International အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။

 Air Bus A320neo အမျိုးအစား လေယာဉ်နှစ်စင်းကို အသုံးပြုပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် တိုက်ရိုက် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

လမ်းကြောင်းသစ်ပြေးဆွဲခြင်းဖြင့် အရှေ့တောင်အာရှရှိ Air India ၏ ခရီးစဉ်များ ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပြီး၊ အိန္ဒိယနှင့် ဗီယက်နမ်အကြား ခရီးသွားအရေအတွက် တိုးလာစေရန်နှင့် Air India ၏ ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းကွန်ရက်သို့ ဗီယက်နမ်ခရီးသွားများ အတွက် ချိတ်ဆက်မှုအသစ်များ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဝန်ဆောင်မှုအသစ်သည် လေကြောင်းလိုင်းမှ ဖော်ပြထားသည့်အတိုင်း အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပမှ ခရီးသွားများအတွက် ဒေလီမှတစ်ဆင့် ဗီယက်နမ်သို့ တစ်နေရာတည်းမှ အလွယ်တကူ ဝင်ရောက်နိုင်မည်ဖြစ်သည်။ Air India သည် မြန်မာနိုင်ငံ(ရန်ကုန်) အပါ အဝင် စင်ကာပူ၊ ထိုင်းနိုင်ငံရှိ ဘန်ကောက်နှင့် ဖူးခက်စသည့် အရှေ့တောင် အာရှနိုင်ငံ လေးခုနှင့် အိန္ဒိယနိုင်ငံတို့ကြား မရပ်မနားပျံသန်း ပြေးဆွဲလျက်ရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ဗီယက်နမ်လေကြောင်းလိုင်းများဖြစ်သည့် Vietjet နှင့် Vietnam Airlines တို့သည် နယူးဒေလီ-ဟိုချီမင်းမြို့ ခရီးစဉ်များကို ပြေးဆွဲလျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source: VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News