Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေး အဝယ်သွက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင် ဧပြီလဒုတိယပတ်အတွင်း သဲတော၊ ဝမ်းတွင်း၊ ကူမဲ၊ စစ်ကိုင်းနှင့် မုံရွာ တို့ဘက်မှ ကုလားပဲအသစ်များဝင်ရောက်လျှက်ရှိပြီး၊ အရောင်းအဝယ်သွက်နေကြောင်း သိရ သည်။ ယခင်လက ကုလားပဲဈေးများကျဆင်းလာရာမှ ဧပြီလဆန်းပိုင်းတွင် သင်္ကြန်တွင်း ကုသိုလ်လုပ်မည့်သူများ ဝယ်ယူမှုနှင့် စက်ပိုင်များ၏ဝယ်လိုအားကြောင့် ဈေးပြန်လည် မြင့်တက် လာခဲ့ကြောင်း သိရသည်။

ကုလားပဲဖြူကြီး (V-2) ၅၇.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၄၇၀၀၀ မှ ၂၄၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၄၀၀၀၀၊ ယခင်လကျပ် ၂၄၇၀၀၀မှ ၂၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၇၀၀၀ မှ ၈၀၀၀ ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၂၀၀၀ ဈေးနိမ့်လာသည်။

ကုလားပဲဖြူကြီး(V-7) ၅၇.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၅၅၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၂၄၈၀၀၀ မှ ၂၄၉၀၀၀၊ ယခင်လတွင်ကျပ် ၂၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၆၀၀၀ မှ ၇၀၀၀ ထိ ဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ ဈေးနိမ့်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၃၀၀၀၀ မှ ၂၃၅၀၀၀၊ ယခင်တစ်ပတ်တွင် ကျပ် ၂၂၃၀၀၀ မှ ၂၂၇၀၀၀၊ ယခင်လတွင်ကျပ် ၂၄၂၀၀၀ ဖြစ်ခဲ့ သည်။ ယခင်တစ်ပတ်ထက်ကျပ် ၇၀၀၀ မှ ၈၀၀၀ ထိ ဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၇၀၀၀  မှ ၁၂၀၀၀ ထိ ဈေးနိမ့်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၄၂၀၀၀ မှ ၂၄၃၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၂၃၀၀၀၀ မှ ၂၃၅၀၀၀၊ ယခင်လတွင်ကျပ် ၂၄၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၈၀၀၀ မှ ၁၂၀၀၀ ထိ ဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ် ၂၀၀၀ မှ ၃၀၀၀ ထိ ဈေးနိမ့်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News