International News

စီးပွားရေးပြန်လည်ဦးမော့လာမည့် မျှော်လင့်ချက်များကို မြှင့်တင်ပေးခြင်းဖြင့် ဂျာမန်ပို့ကုန်တင်ပို့မှုများအရှိန်ရလာ

Last Updated:

ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီအနေဖြင့် စီးပွားရေးကျဆင်းမှုမှ လွတ်မြောက် ခဲ့ပြီဟူသော မျှော်လင့်ချက်များကို မြှင့်တင်ပေးနေစဉ်တွင် ဂျာမန်ပို့ကုန်တင်ပို့မှုများအရှိန်ရလာ ကြောင်း ၇-၆-၂၀၂၄ ရက်က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါ သည်။

မကြာမီနှစ်များအတွင်းက ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်း၊ စွမ်းအင်ဈေးနှုန်းများ အချိန်အတိုင်း အတာတစ်ခုအထိ မြင့်မားခဲ့ခြင်းနှင့် အတိုးနှုန်းများ မြင့်တက်လာခြင်းတို့သည် ပို့ကုန်တင်ပို့မှုကို အလေးထားသော ဂျာမန်စီးပွားရေးအပေါ် ပြင်းထန်စွာ ထိခိုက်ခဲ့သည်။

ဂျာမန်ပို့ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ဧပြီလတွင် ၁.၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း German Federal Statistics Office (Destatis) ၏ ကိန်းဂဏန်း အချက်အလက်များတွင် ဖော်ပြထားရာ ယင်းမှာ မမျှော်လင့်ဘဲမြင့်မားခဲ့သည့် မတ်လ၏ ၁.၁ ရာခိုင်နှုန်း ကိန်းဂဏန်းကို အလွယ်တကူ ကျော်တက်သွားခဲ့ကြောင်း ဖော်ပြထားပါသည်။

သွင်းကုန်ပမာဏသည် ပြီးခဲ့သည့်လ (၂၀၂၄ ခုနှစ်၊မေလ)နှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်း ခန့်တိုးလာသည်ဟု ဖော်ပြထားသော်လည်း ယင်းသွင်းကုန်ပမာဏသည် ပိုကုန်တင်ပို့မှုပမာဏ အောက်တွင် သိသာစွာရှိနေဆဲဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ ယူရို (၁၃၆.၅) ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့ခဲ့ပြီး၊ ယူရို(၁၁၄.၅)ဘီလီယံတန်ဖိုးရှိ သွင်းကုန်များကို ပြည်ပနိုင်ငံများမှ တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် သာမက အဖွဲ့ဝင်မဟုတ်သော နိုင်ငံများနှင့်ပါ ကုန်သွယ်မှုအခြေအနေကောင်းမွန်အဆင်ပြေခဲ့ပြီး၊ ဂျာမနီမှ ဥရောပသမဂ္ဂအဖွဲ့ဝင် အခြား (၂၆) နိုင်ငံသို့ ယူရို (၇၄.၁) ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းအချို့တင်ပို့ခဲ့ကာ အဆိုပါနိုင်ငံများမှ ယူရို (၆၁.၃) ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပါသည်။

ဂျာမနီ၏ အကြီးမားဆုံးဈေးကွက်ဖြစ်သော အမေရိကန်ပြည်ထောင်စုသို့ ဧပြီလအတွင်း ပို့ကုန် တင်ပို့မှုမှာ ၁.၂ ရာခိုင်နှုန်းခန့်၊ ငွေကြေးပမာဏအားဖြင့် ယူရို ၁၄.၂ ဘီလီယံခန့် ကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသို့ ဂျာမန်ပို့ကုန်များ တင်ပို့မှုမှာ ၀.၈ ရာခိုင်နှုန်းခန့် သိသိ သာသာတိုးတက်မှုရှိခဲ့ပြီး ငွေကြေးပမာဏအားဖြင့် ယူရို (၈.၄) ဘီလီယံခန့်ရှိခဲ့ပါသည်။ အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ သွင်းကုန်တန်ဖိုးသည် ယခင်လက ထက် ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ငွေကြေးပမာဏအားဖြင့် ယူရို ၁၂.၈ ဘီလီယံခန့် ပိုများနေသေးကြောင်း ဖော်ပြထားပါသည်။

 

Source:         https://www.dw.com/en/german-exports-gather-pace-boosting-recovery-hopes/a-69297902

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News