International News

ဗီယက်နမ်နိုင်ငံ ဝန်ကြီးဌာနများက အမျိုးသားဆန်ကောင်စီကို ဖွဲ့စည်းရန် အဆိုပြု

Last Updated:

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) နှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) တို့သည် ဆန်စပါးနှင့် ပတ်သက်သည့် ပြဿနာ များကို ဖြေရှင်းရန်နှင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ချက်များကို အကောင် အထည်ဖော်ရန်အတွက် အမျိုးသားဆန်ကောင်စီကို ဖွဲ့စည်းရန် သြဂုတ်လတွင် ဟနွိုင်း၌ ပြုလုပ်သည့် လုပ်ငန်းခွင်ဆိုင်ရာအစည်းအဝေးတွင် အဆိုပြုခဲ့သည်။

အမျိုးသားဆန်ကောင်စီအနေဖြင့် မမျှော်လင့်သော ကိစ္စရပ်များဖြစ်ပေါ်ခြင်း မရှိပါက တစ်နှစ်လျှင်တစ်ကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း၊ကောင်စီ၏ အခန်းကဏ္ဍသည် ဆန်စပါးလုပ်ငန်း များတွင်ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းလုပ်ငန်းစဉ် အခက်အခဲများကို  လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် စီးပွားရေးအသင်းအဖွဲ့များအား ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကောင်စီသည် ကမ္ဘာ့ဈေးကွက်တွင် ဗီယက်နမ်ဆန်တန်ဖိုးနှင့် အမှတ်တံဆိပ်ကို မြှင့်တင်ရန် ရည်ရွယ်သည့် ခိုင်မာပြီး ဖြစ်နိုင်ချေရှိသော မူဝါဒများရှိစေရန် အစိုးရအား အကြံပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမျိုးသားဆန်စပါးကောင်စီ ဖွဲ့စည်းတည်ထောင်ရန် အစီရင်ခံစာကို ရေးဆွဲထားပြီး ဝန်ကြီး ချုပ်ထံ မတင်ပြမီ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များကို မေးမြန်းသွားမည်ဟု MoIT မှ ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် ပထမခုနှစ်လအတွင်း ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ဆန်တန်ချိန် ၅.၁၈ သန်း တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၂၇ ဘီလီယံ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၅.၈ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၅.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ပျမ်းမျှဆန်တင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၂.၂ ရှိကြောင်းနှင့် ဗီယက် နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၈.၁ သန်း တင်ပို့ခဲ့ပြီး လွန်ခဲ့သည့် ၁၆ နှစ်အတွင်း အမြင့်ဆုံး ပမာဏအဖြစ် စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic Times  

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News