International News

ဗီယက်နမ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂၃.၉ ဘီလီယံ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံအထည်အလိပ်နှင့် အထည်ချုပ် ထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၄.၂၉ ဘီလီယံရှိကာ တစ်နှစ်ထက်တစ်နှစ် ၁၂.၄ ရာခိုင်နှုန်း တိုးလာ ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါသည်။

ယခုနှစ် ပထမခုနစ်လတွင် ဤကဏ္ဍ၏ စုစုပေါင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃.၉ ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖော်ပြ ထားသည်။

ဗီယက်နမ်နိုင်ငံသည် အထည်အလိပ်နှင့် အထည်ချုပ်ပစ္စည်းများကို နိုင်ငံပေါင်း ၁၁၃ နိုင်ငံသို့ တင်ပို့ခဲ့ပြီး၊ အဓိက တင်ပို့သည့် စျေးကွက်များမှာ အမေရိကန်၊ EU၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံနှင့် တရုတ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကဏ္ဍအနေဖြင့် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းပို့ကုန်ဝင်ငွေ ဒေါ်လာ ၄၄ ဘီလီယံကို ရည်မှန်းထားကြောင်းနှင့် ပြီးခဲ့သည့်နှစ်က ဤကဏ္ဍမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၉.၅ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News