International News

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းတင်ပို့ရောင်းချသူအဖြစ် ဆက်လက်ရပ်တည်

Last Updated:

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ဗီယက်နမ်၏ ပို့ကုန်ဝေစုသည် ၂၀၂၂ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်း အထိရောက်ရှိခဲ့ပြီး ပြိုင်ဘက် အိန္ဒိယနိုင်ငံက ပို့ကုန်ဝေစု ၂.၅ ရာခိုင်နှုန်းကျော်ဖြင့် အဆင့်ခုနစ်တွင် ရပ်တည်နေကြောင်း thehindu.com က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စမတ်ဖုန်းများ၏ ထက်ဝက်ကို တင်ပို့ခြင်းဖြင့် ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တွင် အရေးပါသူအဖြစ် ဆက်လက်ရပ်တည်နေခဲ့သည်။ တရုတ်ဈေးကွက်အပြင် အခြားသော အဓိကတင်ပို့နေသည့် နိုင်ငံများမှာ ဟောင်ကောင်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ချက်သမ္မတနိုင်ငံ၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပါဝင်သည်။

အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ဇန်နဝါရီလတွင် ဗီယက်နမ်၏ ဖုန်းအမျိုးအစားနှင့် အစိတ်အပိုင်းအားလုံး၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ ကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၅၀.၄ ရာခိုင်နှုန်း တိုးလာပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အမေရိကန်နှင့် တရုတ်တို့သည် ဗီယက်နမ်ဖုန်းများနှင့် အစိတ်အပိုင်းများ၏ အကြီးဆုံးဖောက်သည်များဖြစ်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီလတွင် အမေရိကန်သို့ ဗီယက်နမ်၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁.၃၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်းနှင့် စုစုပေါင်းပို့ကုန်၏ ၂၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံက ဒုတိယနေရာတွင်ရှိပြီး အမေရိကန်ဒေါ်လာ ၇၃၄ သန်းနှင့် စုစုပေါင်းပို့ကုန် တန်ဖိုး ၏ ၁၃ ရာခိုင်နှုန်းရှိကြောင်းနှင့် တောင်ကိုရီးယားက တတိယနေရာတွင်ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရှိကြောင်း ဖော်ပြထား သည်။

အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ၂၀၁၀ ပြည့်နှစ်တွင် ဖုန်းအစိတ် အပိုင်းများနှင့် အစိတ်အပိုင်းများ တင်ပို့ရောင်းချမှုသည် စုစုပေါင်းပြည်တွင်း ပို့ကုန်တန်ဖိုး၏ ၃.၂ ရာခိုင်နှုန်းသာရှိသော်လည်း ၂၀၂၁-၂၀၂၂ ကာလအတွင်း အီလက်ထ ရွန်နစ် ထုတ်ကုန်အုပ်စု၏ ပို့ကုန်တန်ဖိုးမှာ နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း ၃၄ ရာခိုင် နှုန်းအထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ပြည်ပသို့ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ရောင်းချမှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂.၃ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉.၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ကွန်ပျူတာ၊ အီလက်ထရွန်းနစ်နှင့် အစိတ်အပိုင်းများပြီးလျှင် ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုတန်ဖိုးမှာ ဒုတိယအဆင့်ဖြစ် ကြောင်း ဖော်ပြထားသည်။

HSBC အစီရင်ခံစာအရ ဗီယက်နမ်သည် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့စမတ်ဖုန်းဈေးကွက် ဝေစု၏ ၁၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စမတ်ဖုန်း တင်ပို့သူ ဖြစ်လာခဲ့ကြောင်း၊ ယခုအခါ ဗီယက်နမ်သည် Apple အပါအဝင် ကမ္ဘာလုံးဆိုင်ရာဖုန်းနှင့် ဆက်စပ်အစိတ်အပိုင်းများဆိုင်ရာ စက်မှုလုပ်ငန်းကြီးများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်လာကြောင်း၊ လက်ရှိတွင် Apple ၏ Supplier ၂၅ ဦးခန့်သည် ၎င်းတို့၏ ထုတ်လုပ်မှုစက်ရုံများအတွက် ဗီယက်နမ်နိုင်ငံကို ရွေးချယ်ထားသည်ဟု vtv.vn တွင် ဖော်ပြထားသည်။

အဆိုပါအချက်သည် ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်နစ် စက်မှုလုပ်ငန်းတွင် ဗီယက် နမ်၏ အရေးပါမှု အခန်းကဏ္ဍကို ပေါ်လွင်စေသကဲ့သို့ Apple ကဲ့သို့သော အဓိက ကုမ္ပဏီကြီးများကို နိုင်ငံတွင်း လုပ်ငန်းလည်ပတ်ထူထောင်နိုင်ရန် ဆွဲဆောင်နိုင်မှု သည် Apple နှင့် ဗီယက်နမ် ၂ ခုစလုံးကို အကျိုးဖြစ်ထွန်းစေပြီး နိုင်ငံတွင်း စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ တိုးတက်မှုနှင့်အတူ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မှု တို့ရရှိစေနိုင်ကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News