International News

ဥရောပနိုင်ငံများသည်ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ပြင်ဆင်ထားခြင်းမရှိဟု ဥရောပသမဂ္ဂဗဟိုဘဏ် (ECB) ၏ အဖွဲ့ဝင် Mr. Olli Rehn ပြောကြား

Last Updated:

ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ဥရောပသမဂ္ဂအနေဖြင့် ယင်းသို့ဖြစ်လာနိုင်ခြေကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင့် ဖင်လန်နိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌနှင့်  ဥရောပသမဂ္ဂဗဟိုဘဏ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Mr. Olli Rehn ကပြောကြားခဲ့သည်ဟု Wall Street Journal အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။

Mr. Olli Rehn က ဥရောပသမဂ္ဂ၏ငွေကြေးဖောင်းပွမှုသည် တဖြည်းဖြည်းကျဆင်းကာ စီးပွား ရေးတိုးတက်မှုသို့ ဦးတည်သည့် Soft landing အခြေအနေသို့ ရောက်ရှိလာနိုင်သော်လည်း ပထဝီနိုင်ငံရေးမသေချာမှုများကြောင့် စီးပွားရေးတိုးတက်သည့်လမ်းကြောင်းသို့ရောက်ရှိရန် မသေချာဘဲရှိနေကြောင်း၊ နောက်ထပ်မသေချာမှုတစ်ခုမှာ ဒုတိယအကြိမ်အမေရိကန်နိုင်ငံ၏ သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန်သို့ ဝင်ရောက်လာမည့်ကုန်စည်များအားလုံးကို အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည်ဟု ပြောကြားလျက်ရှိရာ အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံပါက ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုရှိနိုင်သည်ဟု Mr. Olli Rehn ကပြောကြားခဲ့ကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခ၊ အရှေ့အလယ်ပိုင်းပဋိပက္ခ၊ တရုတ်နိုင်ငံ၏စစ်ရေး နှင့် နည်းပညာဆိုင်ရာရည်မှန်းချက်များအပါအဝင် ဥရောပသမဂ္ဂ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ မူဝါဒချမှတ်သူအပြောင်းအလဲတို့ကို ဥရောပသမဂ္ဂအနေဖြင့် အနာဂတ်တွင်ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ ယနေ့ကမ္ဘာ့ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်ဖက်နိုင်ငံများအကြားတွင်  ကုန်သွယ်ရေးစစ်ပွဲသည် နောက်ဆုံးအသုံးပြုသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများအနေဖြင့် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ၎င်းအားရင်ဆိုင်တုံ့ပြန်ခဲ့သကဲ့သို့ အကောင်းဆုံးတုံ့ပြန်နိုင်မည့်အနေအထားရှိသင့်ကြောင်း၊ ဥရောပသမဂ္ဂ၏ စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့တွင် လူနည်းစုအစိုးရများ ဦးဆောင်လျက်ရှိချိန်တွင် ထိုသို့ အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့်ခြိမ်းခြောက်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် ကုန်သွယ်မှုမူဝါဒများကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီမဟုတ်ဘဲ ဥရောပသမဂ္ဂကချမှတ်အကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများတွင် နိုင်ငံ ရေးအခြေအနေ ရှုပ်ထွေးလျက်ရှိသော်လည်း သမဂ္ဂကဦးဆောင်မှုပြုလာနိုင်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။    Wall Street Journal)    

စီးပွားရေးသံမှူး၊ ဝါရှင်တန် DC

Category: International News