International News

ဗီယက်နမ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ပို့ကုန်ဝန်ဆောင်မှုများ အတွက် တန်ဖိုးဖြည့်ခွန် သုညရာခိုင်နှုန်း ဆက်လက်ထားရှိရန် အဆိုပြု

Last Updated:

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဝန်ဆောင်မှုများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်း ၁၁ ရာခိုင် နှုန်းရှိကြောင်း၊ နိုင်ငံ၏ စုစုပေါင်းပြည်တွင်း တိုးတက်မှုနှုန်းထက် မြင့်မားခဲ့ကြောင်း သိရှိရပါသည်။ ပို့ကုန်ဝန်ဆောင်မှုများအတွက် တန်ဖိုးဖြည့်ခွန် (VAT) သုညရာခိုင် နှုန်းကို ဗီယက်နမ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက အဆို ပြုထားပြီး အခွန်နှုန်း တိုးမြင့်ခြင်းသည် ပြည်ပပြိုင်ဘက်များနှင့် ဗီယက်နမ် ဝန် ဆောင်မှုပေးသူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယခုနှစ် မေလတွင်ပြုလုပ်မည့် သတ္တမအကြိမ်မြောက် အစည်းအဝေးတွင် အဆိုပြုတင်သွင်းမည့် တန်ဖိုးဖြည့်ခွန် ဥပဒေအား ပြင်ဆင်ရန် ရေးဆွဲနေကြောင်း၊ မူကြမ်းတွင် လက်ရှိကောက်ခံနေသည့် သုညရာခိုင်နှုန်းအစား ပို့ကုန်ဝန်ဆောင်မှု အများစုအတွက် VAT ကို ဝန်ကြီးဌာနက စည်းကြပ်လိုကြောင်း သိရှိရပါသည်။

အထူးသဖြင့် ဗီယက်နမ်နိုင်ငံ ပြင်ပနိုင်ငံတကာ သယ်ယူပို့ဆောင်ရေး၊ ယာဉ်အငှားနှင့် ဆက်စပ်ဝန်ဆောင်မှုအချို့ကိုသာ အခွန်သုညရာခိုင်နှုန်းဖြင့် ဆက်လက်ထားရှိရန် အဆိုပြုထားပြီး အချို့မှာ အများအားဖြင့် VAT နှုန်းထားအရ ၁၀ ရာခိုင်နှုန်းအထိ ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြင်ဆင်ရခြင်း၏ အကြောင်းရင်းမှာ အခွန်အာဏာပိုင်များအနေဖြင့် ပို့ကုန်ဝန်ဆောင် မှုများမှ ၀င်ငွေနှင့် ပြည်တွင်းစားသုံးမှုတို့အကြား ပိုင်းခြားရန် ခက်ခဲသောကြောင့်ဖြစ်ကြောင်း၊ တင်ပို့ရာတွင် VAT ၁၀ ရာခိုင်နှုန်း သတ်မှတ်ခြင်းသည် ဗီယက်နမ် ဝန်ဆောင်မှုပေးသူများကို ပြည်ပပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ခက်ခဲစေကြောင်း VCCI မှ ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း နိုင်ငံတကာ ဝန်ဆောင်မှုများနှင့် ဆက်စပ်သည့် ကုန်သွယ်မှုသည် ကမ္ဘာ့ဈေးကွက်တွင် သိသိသာသာ တိုးတက်လာခဲ့ပြီး လာမည့်နှစ်များတွင် အင်တာနက်နှင့် အဝေးထိန်းစနစ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အား ကောင်းလာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းအင်းများကို ကိုးကား ၍ VCCI မှ ပြောကြားခဲ့ပါသည်။ ဝန်ဆောင်မှုများသည် ၁၉၈၀ ခုနှစ်များတွင် အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၂ ထရီလီယံကျော်အထိ ခုန်တက်သွားပြီး ၂၀၀၃ ခုနှစ်မှ ယနေ့အထိ နှစ်စဉ် ပျမ်းမျှတစ်နှစ်တိုးနှုန်း ၆.၅ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုသည် ၁၉၈၂ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းမှ ၂၀၂၀ ပြည့်နှစ်တွင် ၁၇ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားသော်လည်း ဆက်သွယ်ရေးနှင့် အိုင်တီ ဝန်ဆောင်မှုများ မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးနှင့် အိုင်တီဝန်ဆောင်မှုများ တင်ပို့မှုသည် ၂၀၀၄ ခုနှစ်တွင် ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၂.၃ ရာခိုင်နှုန်း တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရသည်။ အဆိုပါ နှုန်းသည် COVID-19 ကပ်ရောဂါကြောင့် ပိုမိုလျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (VCCI) မှ ပို့ကုန် ဝန်ဆောင်မှုကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အလားအလာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်၏ ပို့ကုန်ဝန်ဆောင်မှုသည် ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် နိုင်ငံ၏ စုစုပေါင်းပြည်တွင်း တိုးတက်မှုနှုန်းထက် မြင့်မားခဲ့ကြောင်း၊ ပို့ကုန်ဝန်ဆောင်မှုကဏ္ဍများတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိနေကြောင်း သိရှိရပါသည်။

ပို့ကုန်ဝန်ဆောင်မှုများသည် ဗီယက်နမ်နိုင်ငံကဲ့သို့ အရင်းအနှီး အကန့်အသတ်ရှိသော နိုင်ငံ များအတွက် ထုတ်လုပ်မှုထက် အရင်းအနှီးနည်းရန်လိုကြောင်း၊ အင်တာနက်အခြေခံ ဝန်ဆောင်မှုများ တင်ပို့ခြင်းသည် နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရန်နှင့် “soft power” ကို မြှင့်တင်ရန် ဖြစ်ကြောင်း VCCI မှ ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ စီးပွားရေးသည် ပို့ကုန်ကို ဦးတည်သော စီးပွားရေးတစ်ခုဖြစ် ကြောင်း၊ နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်း ၁၅ ရာခိုင်နှုန်း နီးပါးရှိကြောင်း VCCI မှ ပြောကြားခဲ့ပြီး ပို့ကုန် ဝန်ဆောင်မှုများတွင် VAT သုညရာခိုင်နှုန်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

VCCI ၏ အဆိုအရ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများစုသည် ပို့ကုန်ဝန်ဆောင်မှုများအတွက် VAT သုညရာခိုင်နှုန်း စည်းကြပ်နေပြီး သွင်းအားစုများပေါ်တွင် အခွန်ပြန်အမ်းခြင်းကို ခွင့်ပြုထားသည်။ ထို့ကြောင့် ပို့ကုန်ဝန်ဆောင်မှုများအတွက် VAT ကို သုညရာခိုင်နှုန်းတွင် ထားရှိသင့်သည်ဟု VCCI က ဆိုသည်။

ဗီယက်နမ်၏ အဓိကပို့ကုန် ဝန်ဆောင်မှုများမှာ ကုန်ထုတ်လုပ်မှုအရင်းအမြစ်၊ ပြုပြင်ထိန်းသိမ်းမှုနှင့် ခရီးသွားလုပ်ငန်း၊ အာမခံ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အိုင်တီနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ ပါဝင်ကြောင်း‌ ဖော်ပြထားပါသည်။

 

 

 Source : Vietnam Plus                                                     

 (စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News