International News

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် အရည်အသွေးမြင့်၊ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang က တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် အရည်အသွေးမြင့်၊ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ပိုမိုကြီးမားအောင် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Mr. Li သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Mr. To Lam ထံသို့ တရုတ်သမ္မတရှီကျင့်ဖျင်၏ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး ယခုနှစ် သြဂုတ်လတွင် ပါတီနှစ်ရပ်နှင့် နိုင်ငံများ၏ ထိပ်သီးခေါင်းဆောင်များ ပေဂျင်းတွင် တွေ့ဆုံခဲ့ကြောင်း၊ တရုတ်-ဗီယက်နမ်အသိုက် အဝန်းကိုမျှဝေသည့် အနာဂတ်တည်ဆောက်ရေး မဟာဗျူဟာစီမံကိန်းကို နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဥ်အဖြစ် ပုံဖော်ထားကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများ အကောင် အထည်ဖော်ရေး၊ အစဉ်အလာချစ်ကြည်မှုကို ရှေးရှုရေး၊ အဆင့်မြင့်ဖလှယ်မှုများ အားကောင်းလာစေရေး၊ မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးမြှင့်ရေး၊ စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုတို့ကို ခိုင်မာစွာ အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင် ရွက်သွားရန် ဆန္ဒရှိကြောင်း၊ မဟာဗျူဟာအရ အရေးပါ၍ အနာဂတ်တွင် အချင်းချင်းဝေမျှခံစားခွင့်ရှိသည့်  တရုတ်-ဗီယက်နမ် အသိုက်အဝန်းကို မြှင့်တင်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပိုမိုကြီးမားသော နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအုတ်မြစ်ကောင်းများ တည်ဆောက်မှု၊ ပိုမိုနီးကပ်စွာဖြင့် နိုင်ငံစုံပူးပေါင်း ဆောင်ရွက်မှုနှင့် ကွဲပြားမှုများကို သင့်လျော်စွာ စီမံခန့်ခွဲမှုစသည့် အဓိကပန်းတိုင်ခြောက်ခုကို ခိုင်မာစေရန် တရုတ်နိုင်ငံက အဆင်သင့်ရှိကြောင်း၊  ရထားလမ်း၊ အမြန်လမ်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု အဆင်ပြေချောမွေ့စေရေးနှင့် ကာကွယ်ဆောင်ရွက်ရေးတို့အတွက် ခိုင်မာသည့် ပံ့ပိုးကူညီမှုများပေးရန် Smart Customs “Soft Community” ဆောင်ရွက်မှုကို တစ်ပြိုင်နက် မြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ရေး၊ သတင်းနှင့် နည်းပညာ၊ စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အရေးကြီးသော သတ္တုတွင်းထွက်များနှင့် ယဉ်ကျေးမှု ဖလှယ်မှုများကဲ့သို့သော ထွန်းသစ်စနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အဓိကကျသည့် ကမ္ဘာ့လုံးဆိုင်ရာ ကနဦးအစပျိုးဆောင်ရွက်မှု (၃) ရပ် အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ တန်းတူညီမျှ၍ စနစ်ကျသော  ကမ္ဘာတစ်ခုတည်ဆောက်ခြင်းနှင့် ကမ္ဘာတဝှမ်း အကျိုးရှိသော စီးပွားရေးကို မြှင့်တင်ရန်နှင့် အာရှတွင် သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

Mr. To Lam က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အခမ်းအနားကို ဂုဏ်ပြုခဲ့ပြီး ပါတီနှင့် ဗီယက်နမ်အစိုးရတို့သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အမြဲအလေးထားကြောင်း၊ ဗီယက်နမ်၏ နိုင်ငံခြားရေးမူဝါဒတွင် တရုတ်နှင့် ဆက်ဆံရေးကို ဗျူဟာမြောက်ရွေးချယ်မှုနှင့် ထိပ်တန်းဦးစားပေးအဖြစ် အမြဲတမ်း ရှုမြင်ကြောင်း၊ ဗီယက်နမ်-တရုတ်ဘက်စုံ  မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေကာ ဗီယက်နမ်-တရုတ် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ချမှတ်သည့် လမ်း ကြောင်းကို ခိုင်မာစွာ လိုက်နာဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဗီယက်နမ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပြတ်ပြတ်သားသား လိုက်နာပြီး ထိုင်ဝမ် လွတ်လပ်ရေးခွဲထွက်ရေးလှုပ်ရှားမှု ပုံစံအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် လာမည့်နှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အခမ်း အနားကို ဗီယက်နမ်နိုင်ငံက အချိန်အခါကောင်းအဖြစ်မှတ်ယူ၍ ပုံမှန်အဆင့်မြင့် ဖလှယ်မှုများကို ထိန်းသိမ်းရန်၊ ပါတီများ၊ ဥပဒေပြုလွှတ်တော်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအကြား ဖလှယ်မှုများ အားကောင်းလာစေရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေးနှင့် ဒေသန္တရ အစိုးရများအတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာဆောင်ရွက်၍ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေးကို ပံ့ပိုးကူညီရန် ဗီယက်နမ်-တရုတ် နှစ်နိုင်ငံပြည်သူချင်း အမြင်ချင်းဖလှယ်သည့်နှစ် အဖြစ်ကျင်းပရန် ဆန္ဒရှိကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့်လည်း Belt and Road Initiative နှင့် အဓိကကျသည့် ကမ္ဘာ့လုံးဆိုင်ရာ ကနဦးအစပျိုး ဆောင်ရွက်မှု (၃) ရပ်ကို ထောက်ခံပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဘက်ပေါင်းစုံမှ မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းစေရန် လိုလားကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

 

Source: China to promote high-quality, high-level cooperation with Vietnam -- Premier Li (www.gov.cn)

စီးပွားရေးသံမှူး ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Category: International News