International News

အမေရိကန်အစိုးရသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာ တီထွင်ထုတ်လုပ်မှုကို ပံ့ပိုးရန် Akash System နှင့် ပဏာမသဘောတူညီခဲ့

Last Updated:

အမေရိကန်အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CHIPS and Science Act အရ Akash Systems ကုမ္ပဏီအား အမေရိကန်ဒေါ်လာ (၁၈.၂) သန်း ပံ့ပိုးရန် ပဏာမသဘောတူညီခဲ့ပါသည်။ အဆိုပြုရင်းနှီးမြှုပ်နှံမှုအစီအစဉ်သည် Akash Systems ကုမ္ပဏီ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံရှိ  ပေ (၄၀,၀၀၀) အကျယ်အဝန်းရှိသော Clean Space တည်ဆောက်ရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ရာ ကုမ္ပဏီ၏လုပ်ငန်းများတွင် အလုပ်အကိုင်ပေါင်း (၄၀၀) ကျော်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။  

(ဇစ်မြစ်။ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News