International News

ဗီယက်နမ်နိုင်ငံသည် ပထမနှစ်ဝက်အတွင်း ပင်လယ်စာ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံကျော်ရှိပြီး ယခင်နှစ် အလားတူကာလထက် ၇ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆို အရ သိရှိရပါသည်။

ဇွန်လတွင် ပင်လယ်စာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈၇၅ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ် အလားတူကာလထက် ၁၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ငါးတန်တင်ပို့မှု ၂၂ ရာခိုင်နှုန်း၊ တူနာငါး ၄၀ ရာခိုင်နှုန်း၊ ကဏန်း ၅၉ ရာခိုင်နှုန်းနှင့် ပုစွန် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခုနှစ် ပထမ ၆ လတွင် ပုစွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ကျောက်ပုစွန်တင်ပို့မှု စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၅၇ ဆ ပိုများခဲ့သည်။ ပထမ ၆ လအတွင်း ငါးတင်ပို့မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၂၂ သန်းရှိပြီး ၆ ရာခိုင်နှုန်းနီးပါး တိုးမြင့် လာခဲ့သည်။ တူနာငါး တင်ပို့မှုသည် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၇၇ သန်း ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံ၏ တူနာစည်သွတ်ဘူး တင်ပို့မှုသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ ၅၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၉ သန်း၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၅ သန်းထိ ရောက်ရှိခဲ့သည်။ အမေရိကန်၊ EU၊ နှင့် အစ္စရေး တို့သည် အဓိကဈေးကွက်များဖြစ်ပြီး တင်သွင်းမှု ၈၈ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းနှင့် ၁၄၁ ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း သိရှိရပါသည်။

ပွဲတော်ရာသီဝယ်လိုအားကြောင့် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်တွင် ဗီယက်နမ် အတွက် တည်ငြိမ်သော ပင်လယ်စာတင်ပို့မှုဈေးကွက်ကို စက်မှုလက်မှုလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။ VASEP သည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပင်လယ်စာတင်ပို့မှု ၁၅ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ ကျော်လွန်ရန် ရည်မှန်း ထားသည်။ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ပင်လယ်စာတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: The Sigon times

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News