International News

ဗီယက်နမ်နိုင်ငံတွင် ၅ ပတ်တိတိ မြင့်တက်လျက်ရှိသော စက်သုံးဆီဈေးနှုန်းများ အနည်းငယ် ကျဆင်း

Last Updated:

ဇွန်လဆန်းပိုင်းမှစပြီး ဆက်တိုက်တိုးမြင့်လာသည့် စက်သုံးဆီ ဈေးနှုန်းများသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

စက်သုံးဆီ RON95 သည် ၁.၁၀ ရာခိုင်နှုန်းဖြင့် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၃,၂၉၀ (ဒေါ်လာ ၀.၉၂) သို့ ကျဆင်းသွားပြီး E5 RON92 သည် ၀.၈၀ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်ဒေါင် ၂၂,၂၈၀ သို့ ကျဆင်းသွားခဲ့သည်။ ဒီဇယ် ၁.၆၁ ရာခိုင်နှုန်း ကျဆင်းပြီး ဗီယက်နမ်ဒေါင် ၂၀,၈၃၀ ဖြင့် ရောင်းချလျက်ရှိပါသည်။

ပြီးခဲ့သည့် ခုနစ်ရက်အတွင်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ၊ အမေရိကန်တွင် နွေရာသီ ခရီးသွားလာမှု အထွတ်အထိပ်သို့ ရောက်ရှိချိန်နှင့် ရုရှားနှင့် ယူကရိန်း အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများသည် စက်သုံးဆီ ဈေးနှုန်းများအပေါ် သက်ရောက်မှုရှိခဲ့ ကြောင်း သိရှိရပါသည်။

ဓာတ်ဆီဈေးနှုန်းမှာ ၀.၁ရာခိုင်နှုန်းမှ ၀.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး RON95 တစ်စည်လျှင် ၉၇.၈ ဒေါ်လာ နှင့် ဒီဇယ်ဆီမှာ ၁၀၁.၂ ဒေါ်လာ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source : VN express International

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News