International News

သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအသစ် (၁၉) သန်းသည် လုပ်ငန်းဖွဲ့စည်းတည်ထောင်ရန် လျှောက်ထား

Last Updated:

သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းအသစ် (၁၉) သန်းသည် လုပ်ငန်းဖွဲ့စည်းတည်ထောင်ရန် လျှောက်ထားခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူ တော်က ၁၄-၈-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရတာဝန်ယူသည့်အချိန်မှစ၍ ယနေ့အထိ (၁၄-၈-၂၀၂၄ ရက်အထိ) အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းအသစ်ပေါင်း (၁၉) သန်းကို ဖွဲ့စည်းတည်ထောင်ရန် တင်ပြလျှောက်ထားခဲ့ကြကြောင်း၊ ယင်းစီးပွားရေးလုပ်ငန်းပေါင်း (၁၉) သန်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ယုံကြည်သည့်လုပ်ငန်းများဖြစ်ပြီး ယင်းလုပ်ငန်း (၁၉) သန်းတွင် လူမည်း၊ လက်တင်အမေရိကန်နှင့် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များက ဖွဲ့စည်းတည်ထောင်ရန်လျှောက်ထားသည့် လုပ်ငန်းအရေအတွက်များစွာပါဝင်ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် ကိုဗစ်-၁၉ကူးစက်ရောဂါကာလအတွင်း လုပ်ငန်းများ ပိတ်သိမ်းရလုနီးပါးဖြစ်ခဲ့သည့် အသေးစားစီးပွားရေးလုပ်ငန်းထောင်ပေါင်းများစွာကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ ယင်းသို့ ပံ့ပိုးပေးရာတွင် လူမည်း၊ လက်တင်အမေရိကန်နှင့် အမျိုးသမီးများပိုင်ဆိုင်သည့် အသေးစား စီးပွားရေးလုပ်ငန်းများကို ချေးငွေနှစ်ဆကျော် တိုးမြှင့်ချေးပေခဲ့ခြင်းလည်း ပါဝင်ပါကြောင်း၊ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် လူလတ်တန်းစား အမေရိကန်နိုင်ငံသားများအား ပံ့ပိုးပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားပါသည်။

 

 

Source: https://www.whitehouse.gov/briefing-room/statements-releases/2024/08/ 14/statement-from-president-joe-biden-on-a-record-19-million-new-business-applications/

 (စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News