International News

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွက် အမေရိကန်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်း အစီရင်ခံစာထုတ်ပြန်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွက် အမေရိကန်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်း (Consumer Price Index – CPI) အစီရင်ခံစာကို ၁၄-၈-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုလျှော့ချရန်နှင့် အမေရိကန်နိုင်ငံသားမိသားစုများအတွက် ကုန်ကျစရိတ်များ လျော့နည်းလာစေရန် ဆောင်ရွက်လျက်ရှိသည်မှာ အောင်မြင်တိုးတက်လျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှုသည် ၃ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာခဲ့ပြီး Core Inflation မှာလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလနောက်ပိုင်းတွင် အနိမ့်ဆုံးသို့လျော့ကျလာကြောင်း၊ ၁၇ လတာ ကာလအတွင်း လုပ်ခလစာတိုးလာခြင်းသည် ဈေးနှုန်းမြင့်တက်မှုထက် ၁၇ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သဖြင့် တိုးတက်မှုရှိလာသော်လည်း ဝင်ငွေနည်း အမေရိကန်နိုင်ငံသားများအတွက် ဈေးနှုန်းများ ထပ်မံလျှော့ချရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဈေးနှုန်းများမှာ အမေရိကန်နိုင်ငံသားများအတွက် အလွန်မြင့်မားနေဆဲဖြစ်ကာ ကော်ပိုးရေးရှင်းကြီးများအနေဖြင့် အမြတ်များစွာရရှိနေကြသော်လည်း ဈေးနှုန်းလျှော့ချရန်မလုပ် ဆောင်ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ဆေးကုမ္ပဏီကြီးများအနေ ဖြင့် ဆေးညွှန်းပါ ဆေးများရောင်းချရတွင် ဈေးလျှော့ယူကြရန်၊ မျှတမှုမရှိသောအိမ်ငှားခများ တိုးလာသဖြင့် အိမ်များများဆောက်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် အိမ်သုံးကုန်စည်မှ လေယာဉ်ဝန်ဆောင်မှုအထိ မလိုလားအပ်သည့် စရိန်များ ပေးချေရခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

အလုပ်သမားစာရင်းအင်းဌာန (Bureau of Labor Statistics) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၉ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် ၂၀၂၁ ခုနှစ်၊ မတ်လနောက်ပိုင်းမှစ၍ ပထမဆုံးအကြိမ် ၃ ရာခိုင်နှုန်းအောက်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်အဟောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လေကြောင်းခရီးစဉ် ကုန်ကျစရိတ်နှင့် အဝတ်အထည်တို့၏ ကုန်ကျစရိတ်သည် ဇွန်လနှင့် နှိုင်းယှဉ်ပါက ဇူလိုင်လတွင် ကျဆင်းခဲ့ကြောင်း၊ စွမ်းအင်အတွက်ကုန်ကျစရိတ်သည် လအနည်း ငယ်ခန့် ကျဆင်းနေခဲ့သော်လည်း မော်တော်ယာဉ်အာမခံနှင့် အိမ်ထောင်ပရိဘောဂဆိုင်ရာ အညွှန်းကိန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း၊ ထို့အပြင် အိမ်ဈေးနှုန်းမြင့်မားမှုသည် ငွေကြေးဖောင်းပွမှုကို လွှမ်းမိုးလျက်ရှိနေပြီး နေထိုင်မှုကုန်ကျစရိတ်သည် လစဉ် ၉၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့ကြောင်း သိရှိရပါသည်။ 

 

 

Source: https://www.whitehouse.gov/briefing-room/statements-releases/2024/08/ 14/ statement-from-president-joe-biden-on-the-july-consumer-price-index/

  (စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News